ဇွန်ဘီမလေး ယန်ဟန်

133 9 0
                                    

Chapter 104

ဘေးနားရှိ ဟန်ခိုင်သည် ရုတ်တရတ် သဘောပေါက်သွားပြီး ပြောလိုက်သည်။

"ဟုတ်တယ်...မင်းတီထွင်ထားတဲ့ ကာကွယ်ဆေးက ကြွက်တွေမှာ ထိရောက်မှုရှိတယ် ဒါပေမယ့် လူသားတွေမှာလည်း ထိရောက်နိုင်မယ်လို့ ငါထင်တယ်..."

“ကာကွယ်ဆေးက လူတွေကို စမ်းသပ်တဲ့ အဆင့်ကို မရောက်သေးပေမယ့် စမ်းကြည့်ရုံပဲ...”

"ပမာဏကရော ဘယ်လောက် ထိုးမလဲ..."

"ဘေးကင်းအောင် ကာကွယ်ဆေး‌ ဓာတ်ကူပစ္စည်း ပမာဏကို များများ ထိုးလိုက်ရအောင်..."

ယန်ဟန် က လီနန်ရှန့်အား ပြောလိုက်သည်။

"ရှင် မေ့ဆေးသေနတ်ကို ရှာပေးနိုင်မလား... ပြီးတော့ မေ့ဆေးသေနတ်ကို သုံးပြီးတော့ ဇွန်ဘီဘုရင်ရဲ့ ခန္ဓာကိုယ်ထဲကို ကာကွယ်ဆေးထိုးရမယ်..."

လီနန်ရှန့် က ခေါင်းညိတ်ပြီး ပြောလိုက်သည်ယ

"စိတ်မပူပါနဲ့...ငါ ရှာလိုက်မယ်..."

"ဒါဆို ကျွန်မတို့ အုပ်စုနှစ်စု ခွဲလိုက်မယ်... ဟန်ခိုင် နဲ့ ကျွန်မက ကာကွယ်ဆေး ထိုးမယ်... ရှင်က သေနတ်ကို ရှာလိုက်.  "

လီနန်ရှန့် က ယန်ဟန်အား OK လုပ်ပြကာ ထွက်သွားလိုက်သည်။

"နန်ရှန့်.... မေ့ဆေးသေနတ် တွေ့ရင် ဓာတ်ခွဲခန်းကို လိုက်လာခဲ့..."

ဟန်ခိုင် ကပြောလိုက်ရာ  လီနန်ရှန့် ခေါင်းညိတ်လိုက်သည်။

လီနန်ရှန့် သည် မေ့ဆေးသေနတ် ကို ရှာတွေ့ပြီးနောက် ဟန်ခိုင် တို့နှင့် ဆုံရန် ဓာတ်ခွဲခန်းသို့ ချက်ချင်း ပြေးသွားခဲ့သည်။ ဓာတ်ခွဲခန်းတံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် လင်းကျင်းရှု သည် ဓာတ်ခွဲခန်း၏ ထောင့်စွန်းတွင် ကြောင်စီစီ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လီနန်ရှန့် က လင်းကျင်းရှု တစ်ယောက်တည်း မနေဝံ့သဖြင့် ဟန်ခိုင်တို့နှင့်  ဓာတ်ခွဲခန်းသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်ဟု ယူဆလိုက်သည်။

"မင်းဘာလို့ ဒီကိုရောက်နေတာလဲ..."

လီနန်ရှန့် က မေးလိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now