ဇွန်ဘီမလေးယန်ဟန်

187 24 0
                                    

Chapter 34

ဟန်ခိုင် သည် Chapter 34

ဟန်ခိုင် သည် ကြမ်းပြင်ပေါ်တွင် မလှုပ်နိုင် ဖြစ်နေရာမှ ယန်ဟန့် နာမည်ကို နှစ်ကြိမ်တိုင်တိုင် ခေါ်လိုက်သော်လည်း သူမက မထလာပေ။ ဟန်ခိုင် နာရီကို တစ်ချက်ကြည့်လိုက်သည်။

အို..မနက် ၁နာရီ ၃၀ မိနစ်...

မနက် ၁ နာရီတွင် ယန်ဟန် အိပ်ပျော်လေ့ရှိသည်ကို သူ ပေါ့လျော့စွာ မေ့လျော့သွားမိသည်။ ထို့ကြောင့် သူက လီနန်ရှန့် ထံသို့ CDC ၏ ဓာတ်ခွဲခန်း အမှတ် -၇၁၂ သို့ လာရန် ပြောထားခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် လှေကားထစ် ပေါ်တက်နေသည့် တစ်စုံတစ်ယောက်၏ ခြေသံကိုသူ ကြားလိုက်ရပြီး ခြေသံသည် ပို၍ နီးကပ်လာသည်။

ဟန်ခိုင် မြေပြင်ပေါ်တွင် သွေးများဖြင့် လဲလျောင်း နေသည်ကိုမြင်လျှင် လီနန်ရှန့် က စိုးရိမ်တကြီး ပြေးလာလေ၏။

"အားခိုင်...ဘာဖြစ်လို့လဲ.. ဘာလို့ သေနတ်ဒဏ်ရာ ရထားတာလဲ...ဘယ် သောက်ရူးက အစ္ကို့ကို ပစ္လိုက္တာလဲ..."

"ကျီကျောက်ယန် ငါ့ကို ပစ္လိုက္တာ..."

"ကျီကျောက်ယန်..."

လီနန်ရှန့် သည် ဤကိစ္စမှာ ထင်မထားသည်ထက် ပို၍ ရှုပ်ထွေးလာနိုင်ကြောင်း သတိပြုမိသွားသည်။ ဟန်ခိုင် ၏ မျက်နှာမှာ ဖြူဖျော့နေသဖြင့် သူ့အင်္ကျီကို ကိုက်ဖြတ်ကာ ဒဏ်ရာကို ပတ်တီးစီးတော့မည် ဖြစ်သော်လည်း ဟန်ခိုင် က အမြန်တားလိုက်သည်။

" ဓာတ်ခွဲခန်း ၇၁၂ မွာ ပတ်တီးတွေ ရှိနိုင်တယ်...သွားပြီးတော့ အထဲမွာ ရှာကြည့်.."

လီနန်ရှန့် က ခေါင်းညိတ်လိုက်ပြီး ဓာတ်ခွဲခန်း အမှတ် ၇၁၂ သို့ အမြန်ပြေးသွားလိုက်ပြီး မကြာမီ ပတ်တီးလိပ်ဖြင့် ထွက်လာလေသည်။

လီနန်ရှန့် က ဟန်ခိုင် ကို ပတ်တီးစီးပေးနေရင်း အလျင်စလို ပြောလိုက်သည်။

"အားခိုင်..တောင့်ထား... ကျွန်တော် အစ္ကို့ကို အရေးပေါ်ခန်းကို ခေါ်သွားမယ်..."

"မဟုတ္ဘူး... မင်း ယန်ဟန်ကို ကျွန်းကနေ အရင်ပြန်လွှတ်လိုက်..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now