Chapter 12
ဟန်ခိုင် စမ်းသပ်မှု ပြုလုပ်ရန်အတွက် သိပ်သည်းဆခွဲထားသည့် ပိုးကောင်ကို မွေးမြူပြီး အနားယူနေ စဉ် ဓာတ်ခွဲခန်းထဲသို့ ဧည့်သည် ရောက်လာလေသည်။
သူက ဓာတ်ခွဲခန်းကို ဘာလာလုပ်ပါလိမ့်....
ဟန်ခိုင် ကျီကျောက်ယန် ကို ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
"ပရော်ဖက်ဆာ ကျီ...ကျွန်တော် ဘာလုပ်ပေးရမလဲ...."
"ဘာမွ မလုပ်ပါနဲ့...မင်းကို စစ္စရာရွိလို့လာခဲ့တာ..."
ဟန်ခိုင် က ခပ်တည်တည် ပြန်ပြောလေ၏။
"ပရော်ဖက်ဆာ ကျီ...ဒီရက်ပိုင်း အတော် အားနေပုံရတယ်...အချိန်တွေ ပိုနေရင်လည်း ကျွန်တော့်ကို စစ်ဆေးတာထက် ဓာတု စမ်းသပ်မှုတွေ လုပ္တာက ပိုကောင်းပါတယ်...."
ဟန်ခိုင် ၏စကားများသည် ဆူးပင်များကဲ့သို့ ကျီကျောက်ယန် ကို စိတ်မသက်မသာ ဖြစ်စေသည်။ ကျီကျောက်ယန် က ဟန်ခိုင် ထံမွ တစ္ခုခုကို သိချင်နေသည်။
ယမန်နေ့ညက ညစာစားချိန်တွင် ဟန်ခိုင် ပြောခဲ့သည့် ဇြန္ဘီမ,အကြောင်း ဖခင်ဖြစ်သူကို မေးကြည့်ခဲ့သည်။
ကျီဟုန် က အံ့ဩဟန်နှင့် ပြောလေသည်။
"မင်းက အခုမွ ဘာလို့ သိချင်နေတာလဲ... အဲဒီနေ့က အစည်းဝေးမှာ မင်းပဲ အားလုံးကို ကန့်ကွက်ခဲ့တာမဟုတ်လား...."
ကျီကျောက်ယန် က ယန်ဟန် နှင့် တွေ့သည့်အကြောင်းကို မပြောဘဲ ထိန်ချန်ထားလိုက်သည်။
"အဲ့ဒီအကြောင်းကို ပြန်စဉ်းစားမိတော့ စိတ်ဝင်စားသွားလို့ပါ အေဖ... ဇြန္ဘီ တစ်ကောင်က မျိုးပြောင်းဖို့ ဖြစ်နိုင်တယ်လို့ အဖေထင်လား..."
ကျီဟုန် က စဉ်းစားမနေဘဲ ပြောလိုက်သည်။
"အင်း...ဇွန်ဘီတွေရဲ့နေထိုင်တဲ့ နေရာရဲ့ ပတ်ဝန်းကျင် ကိုကြည့်ရမှာပေါ့.... တကယ္လို့ သူတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ မျိုးဗီဇကို ပြောင်းစေတဲ့ အကြောင်းရင်းတွေ ရှိနေရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်..."
"ဥပမာ ဓာတ်ရောင်ခြည် သင့်တဲ့နေရာလိုမျိုးလား..."
ကျီကျောက်ယန် က မေးလိုက်သည်။