ဇွန်ဘီမလေးယန်ဟန်

388 36 0
                                    

Chapter 6

"ဟဲ့...ဒီနေ့ မနက္က အစည်းအဝေးအကြောင်း ကြားပြီးပြီလား..."

ကျန့်စစ်ချီ က ဓာတ်ခွဲခန်းထဲရှိ သုတေသီများကို စကားစ လိုက်သည်။

ထိုစကားကို ကြားလျှင် သုတေသီ များသည် ချက်ချင်းပင် သူမ အနားသို့ စုရုံးလာကြသည်။ ကျောက်ရှောင်ရွှယ် သည် နှုတ်ခမ်းကို စူလိုက်ပြီး ရှုတ်ချသံဖြင့် ပြောလိုက်သည်။

"ဟွန့်..ပရော်ဖက်ဆာဟန် အပြောခံနေရတာကို ပြောမလို့မလား... အဲ့ဒါ လီရှင်းယု ကြောင့်လေ....ပရော်ဖက်ဆာဟန့် မွာ အျပစ္မရွိပါဘူး...."

"လီရှင်းယု နဲ့ ဘာဆိုင်လို့လဲ..."

ကျန့်စစ်ချီ က မေးသည်။

"အစ္မ မသိဘူးလား...တကယ္လို့ လီရှင်းယု သာ ထွက်ပေါက်ကို လှိမ့်မချခဲ့ရင်... ပရော်ဖက်ဆာဟန် လည်း သူမ အစား ဇွန်ဘီမြို့ ကို သြားရမွာမဟုတ္ဘူး... ဇွန်ဘီမြို့ကို မသွားရင် ထူးဆန်းတဲ့ ဇြန္ဘီမကို တွေ့မှာ မဟုတ္ဘူး...ပြီးတော့ ပရော်ဖက်ဆာ ကျီ ကလည်း သူ့ကို ဆူမွာမဟုတ္ဘူး...ပရော်ဖက်ဆာ ဟန် လည်း လူပဲလေ..တခါတေလ အမွားလုပ္မိတာ အပြစ် မွမဟုတ္တာ......"

ကျန့်စစ်ချီ သည် ကျောက်ရှောင်ရွှယ် ၏ အဆိုကို ထောက်ခံလိုက်သည်။

"ဟုတ်တယ်.. ပါမောက္ခ ဟန် တော့ တစ်နှစ်လုံး အလှောင်ခံ ရေတာ့မွာ..."

လီရှင်းယု သည် ထွက်ပေါက်ကို လှိမ့်ချလိုက်၍ ဒဏ်ရာ ပြင်းထန်စွာ မရရှိခဲ့ပေ။ ဆယ်ရက်ကျော် အနားယူပြီးနောက် CDC တွင် အလုပ်ပြန် ဆင်းခဲ့သည်။

လီရှင်းယု သည် ဓာတ်ခွဲခန်းသို့ ပြန်သွားရန် ခက်ခဲမည် ဟု သူမမျှော်လင့်ထားခဲ့ပေ။

သူမသည် ထွက်ပေါက်မှ တမင် လှိမ့်ချလိုက်သည့် အကျိုးဆက်ကို တွေးမိသည်။သို့ရာတွင် ဤမျှလောက် ဆိုးရွားမည် ဟု မထင်ခဲ့ချေ။ယခုမူ လုပ်ဖော်များက သူမကို ငြူစူနေကြတော့သည်။အထူးသဖြင့်၊ ပရော်ဖက်ဆာ ဟန် ကို တစ်ဖက်သတ် ချစ်နေကြသော သုတေသီနှစ်ဦးမှာ ကလဲ့စားချေမည် တကဲကဲ ဖြစ်နေကြသည်။

လီရှင်းယု သည် သက်ပြင်းချကာ အောက်သို့ ငုံ့ကြည့်လိုက်လျှင် ကွဲနေသော ဖန်ပြွန်ပုံကြီးကို တွေ့ရသည်။ဓာတ်ခွဲခန်း အတွက် ရန်ပုံငွေကို ခြွေတာနေရသည်။ယမန်နှစ် ကတည်းက ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို မူပိုင်ခွင့် တင်ထားရသည်။အကယ်၍ မိမိ၏ ပစ္စည်းများ ကြဲရွပ်က္ဆီးပါက လျှော်ကြေး ပေးရမည်ဟု ထုတ်ပြန်ထားသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now