ဇွန်ဘီမလေး ယန်ဟန်

147 14 0
                                    

Chapter 74

ဟန်ခိုင် က ပြန်မဖြေဘဲ စားပွဲဘေးတွင် ရပ်ကာ ယန်ဟန်ကို စိုက်ကြည့်နေမိသည်။ ယန်ဟန်၏ ပင်ကိုယ်စရိုက်သည် လူပြန်ဖြစ်ပြီးနောက် များစွာပြောင်းလဲသွားသည်ကို လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူသိရှိခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် သူမသည် ကိစ္စတစ်ခုခုကို စဉ်းစားဆုံးဖြတ်သည့်အခါ ပို၍တည်ငြိမ်လာပြီ ဉာဏ်လည်း ပို၍ ထက်လာလေ၏။

ဟန်ခိုင် က ယန်ဟန်ကို ကြည့်နေရင်း လွန်ခဲ့သော နှစ်များစွာက ဟောပြောပွဲ စင်မြင့်ပေါ်၌ ရပ်နေသည့် ယန်ဟန်ကို သူ မြင်ယောင်လာရသည်။ ထိုစဉ်က သူမ၏  ဟောပြောပို့ချမှုမှာ လူအများ၏ အာရုံထဲတွင် အလင်းတန်းများ လက်ဖြာသွားသကဲ့သို့ ဖြစ်ခဲ့ရလေသည်။

ဟန်ခိုင် က နှုတ်ဆိတ်နေသဖြင့် ယန်ဟန်က ပြောလိုက်သည်။

“ဘေးအကင်းနိုင်ဆုံး နည်းလမ်းကတော့ R ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ထုတ်ဖို့ပဲ...”

ဤသည်မှာ သူမ၏ အဓိကရည်မှန်းချက်ဖြစ်လေသည်။ နောက်ဆုံးတွင် ကမ္ဘာကြီး၏ ကံကြမ္မာသည် သူမအပေါ်တွင် မူတည်သွားလေသည်။

"အဲ့ဒီကိစ္စက တစ်ခုတည်း‌သော နည်းလမ်းဆိုတာ ငါလည်း သိပါတယ်...ဒါပေမယ့် ဘုရားသခင်က ငါတို့ကို အချိန်သုံးနှစ်ကျော် ပေးခဲ့တယ်... ဒါပေမယ့် ငါတို့ ဘာမှ မဖွံ့ဖြိုးသေးတာကို မင်းအသိပဲလေ..."

ထို့နောက် ဟန်ခိုင် က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ပြောလိုက်သည်။

"ခဏနေဦး... ငါမင်းကို ပြစရာရှိတယ်..."

ထို့နောက် သူက ဗီရိုကို ဆွဲဖွင့်လိုက်ပြီး  သူ့ကိုယ်သူ နစ်မြုပ်ထား၍ အဖြေမရသေးသော စမ်းသပ်မှု မှတ်တမ်းနှစ်ခုကို ထုတ်ပြလိုက်သည်။ ကံကောင်းစွာနှင့် သူ့ကျောပိုးအိတ်မှာ ရေစိုခံသဖြင့် ပင်လယ်ထဲတွင် အချိန်အတော်ကြာ ရေကူးခဲ့သော်လည်း စမ်းသပ်မှတ်တမ်းနှစ်ခုမှာ ရေစိုမနေကြပေ။

ဟန်ခိုင် က စမ်းသပ်မှတ်တမ်းနှစ်ခုကို ယန်ဟန် အား ပေးလိုက်သည်။

“ဒါဟာ သုံးနှစ်ကျော်ကြာအောင် လုပ်ထားတဲ့ စမ်းသပ်မှတ်တမ်း နှစ်ခုပဲ...မင်းက အရမ်းဉာဏ်ကောင်းတယ်ဆိုတော့ မင်း တစ်ခုခု အဖြေရှာနိုင်မလား...ကြည့်ရအောင်..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now