Chapter 35
ယန်ဟန်က လှေနှင့် လှော်တက်များကို မယူဘဲ လီနန်ရှန့် ကို လက်ဟန်ပြပြီး ဘယ္သူလဲ ဟု မေးလိုက်သည်။ လီနန်ရှန့် သည် သူမ၏ လက်ဟန် အမူအရာမ်ားကို နားမလည်ဘဲ ကနူးလှေနှင့် လှော်တက်များကို သူမဆီသို့ တွန်းပို့လိုက်ပြီး ကမန်းကတန်းပြောလိုက်သည်။
"ငါပြန်တော့မယ်...အားခိုင်ရဲ့ ခြေထောက်ကို ကျည်ဆံထိထားတာ စိုးရိမ်ရတယ်...."
ယန်ဟန်သည် လီနန်ရှန့် မွာ ဟန်ခိုင် ကဲ့သို့ သူမ၏ လက်ဟန်ပြ စကားကို နားမလည်ကြောင်း သိလိုက်ရသောကြောင့် ကနူးလှေကို ရေထဲထားလိုက်ပြီး စက်လှေပေါ်မှ ဆင်းကာ နောက်ပြန်လှည့်မကြည့်ဘဲ ယွင်ကျင့် မြို့ဆီသို့ လှော်ခတ်သွားလေသည်။
လီနန်ရှန့် သည် ယန်ဟန်က ယွင်ကျင့်မြို့ဆီသို့ လှော်ခတ်သွားသည်ကို မြင်လိုက်လျှင် စက်လှေကို ချက်ချင်းပြန်လှည့်၍ ကျွန်းဆီသို့ ပြန်လာခဲ့လိုက်သည်။
လီနန်ရှန့် နံနက် ၆ နာရီကျော်တွင် ကျွန်းပေါ်သို့ ရောက်ရှိလာပြီး အရေးပေါ်ဆောင်သို့ ကားမောင်းသွားကာ ဟန်ခိုင်ကို ခွဲစိတ်ပေးသည့် ဆရာဝန္ကို အမြန်ရှာလိုက်သည်။
ဆရာဝန္က ဆေးမှတ်တမ်းကို ပြန်လှန်လိုက်ပြီး လူနာ၏ အခြေအနေကို ပြောပြလိုက်သည်။
"ကျည်ဆန်ကို ထုတ်လိုက်ပေမယ့် အာရုံကြောကို နည်းနည်းထိထားတယ်... ဒါကြောင့် အနာကျက်ပြီးသွားရင်လည်း နောက်ဆက်တွဲ ပြဿနာလေးတွေ ရှိလာနိုင်တယ်..."
"ဟင်.. ဘယ်လိုနောက်ဆက်တွဲမျိုးလဲ ဆရာ..."
လီနန်ရှန့် က စိုးရိမ်တကြီးနှင့် ဆရာဝန်ရဲ့ လက်အိတ် ဝတ္ထားသော လက္ကို ကိုင်လှုပ်၍ မေးလိုက်သည်။
"လမ်းလျှောက်ရတာ ခက်တာမျိုးပေါ့...ဒါပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး..."
လီနန်ရှန့်က သူ့လက်ကို မလွှတ်သေးသဖြင့် ဆရာဝန္က တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မေးစရာရှိသေးလား...ကျွန်တော် အလုပ်ဆက်လုပ်တော့မယ်..."
" အိုး..တောင်းပန်ပါတယ်..."