ဇွန်ဘီမလေး ယန်ဟန်

156 17 0
                                    

Chapter 66

လင်းကျင်းရှု သည် ဟန်ခိုင် နှင့် ခဏကြာမျှ ရှက်ရွံ့စွာ စကားပြောနေစဉ် ရုတ်တရက် ဖခင်ဖြစ်သူ ရောက်လာပြီး သူမကို ဆွဲခေါ်သွားသည်။

"အဖေ ဘာလုပ်တာလဲ...အစ်ကို ဟန်ခိုင် နဲ့ စကားပြောလို့ မပြီးသေးဘူး...” 

လင်းကျင်းရှု က လေသံကလေးဖြင့် ပြောလိုက်သည်။

“သမီးမိုက်...အခု စိတ်ပူမနေနဲ့...သမီးရဲ့ဦးလေးစွန်း နဲ့ အဖေ စကားပြောကြည့်ပြီးပြီ... ဒီအဆင့်က သိပ်မလွယ်ဘူး...ဇွန်ဘီတွေ ညကျရင် ကျွန်းပေါ်ကို လာနိုင်ခြေရှိတယ်... ဒါကြောင့် သမီး အဖေ့အနားမှာ အသာနေ...ဘယ်မှ လျှောက်သွားမနေနဲ့..ဒါမှ အဖေ သမီးကို ကာကွယ်ပေးလို့ရမှာ..."

လင်းဟန် စကားကို ကြားရသောအခါ လင်းကျင်းရှု က လေးနက်စွာ ပြောလိုက်သည်။

"ဒါဆို သမီးတို့ ဘာလုပ်သင့်လဲ... ဇွန်ဘီတွေများတယ် လို့ ဦးလေးစွန်း ပြောတာကို ကြားပေမယ့် အဲဒီ ဇွန်ဘီတွေက သမီးတို့ကို ရှာမတွေ့နိုင်လောက်ပါဘူး”

“ပြောရခက်တယ်... တစ်ဆင့်ပြီးတစ်ဆင့် ကြည့်လုပ်ရမှာပေါ့... ဒါ တစ်ခုတည်းသော နည်းလမ်းပဲ...ဘာပဲဖြစ်ဖြစ် အဖေ့မျက်စိရှေ့က ပျောက်မသွားနဲ့...အဖေ သမီးကို ကာကွယ်ပေးမယ်..."

နံနက်၄နာရီကျော်ပြီး ၅နာရီမထိုးမီတွင်၊ မြေအောက်လမ်းတွင် ပုန်းအောင်းနေသော လူအုပ်ကြီးသည် သူတို့ခေါင်းပေါ်က မြေပြင်ပေါ်တွင် သွားလာလှုပ်ရှားနေသံများကို ရုတ်တရက် ခံစားလိုက်ရပြီး  ဇွန်ဘီများ၏ မာန်ဖီသံကိုပါ ကြားနေရသော်လည်း ဇွန်ဘီ ရေအတွက်ကို ခန့်မှန်း၍မရပေ။

မူလက အေးအေးဆေးဆေး ဖြစ်နေကြသူများမှာ တုန်လှုပ်ချောက်ချား နေကြပြီး ဇွန်ဘီများ ဤလိုဏ်ခေါင်းကို ရှာတွေ့မည် စိုး၍ လှုပ်ပင်မလှုပ်ရဲကြပေ။ လွတ်မြောက် လိုဏ်ခေါင်းထဲတွင် ဆယ်ကျော်သက်များနှင့် ကလေးငယ် အများအပြားလည်း ရှိနေလေသည်။ ကလေးများသည် အလွန် အကဲဆတ်တတ်ကြ၍ အပြင်မှ ဆူဆူညံညံ အသံများကြားနေရပြီး  ထိတ်လန့်တုန်လှုပ်နေကြသည့် လူကြီးများကို ကြည့်၍ တပြဲပြဲ အော်ငိုနေကြလေသည်။ထို့အပြင် ကလေးများ၏ ငိုသံများသည် ကူးစက်တတ်သည်ဖြစ်၍ ကလေးတစ်ယောက်က ငိုလိုက်သည့်အခါ တခြားကလေးများကပါ လိုက်ငိုကြလေ၏။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now