ဇွန်ဘီမလေးယန်ဟန်

469 51 0
                                    

Chapter 4

နေဝင်သွားပေပြီ။

စွမ်းအင်ဆုံးရှုံးထားသော ယွင်ကျင့်မြို့တော်သည် အမှောင်ထုထဲသို့ သက်ဆင်းသွားကာ လရောင် ခပ်မှိန်မှိန်လေးသာ ဖြာကျနေသည်။ ခြောက်ကပ်တိတ်ဆိတ်နေသော မြို့တော်ကို လေးနက်စွာဖြင့် ဟန်ခိုင် ကြည့်နေမိသည်။

ဘယ်အချိန်မှ ဒီမြို့ကြီးက အရင်လိုကြွယ်ဝချမ်းသာပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုတွေ ပြန်ရနိုင်မှာလဲ

ယန်ဟန်က သူမအသိုက္ကို ဈေးဝယ်စင်တာမှ ဂိုထောင်တစ်ခုအောက်တွင် တည်ဆောက်ထားတာဖြစ်သည်။ ထိုဂိုထောင်မှာ ကြီးမားပြီး တိတ္ဆိတ္ကာ ရှာဖွေရမလွယ်ကူပေ။

သူမ အခန်းကိုအကုန်ရှင်းပြီးနောက် နူးညံ့သောအိပ်ယာတစ်ခုကို ထည့်သွင်းထားသည်။ သူမ၏ အိပ်ချိန်နီးကပ်လာချိန်တွင် ဂိုထောင်တံခါးကို လောခ့်ချကာ လူသေကောင်ကဲ့သို့ သတိမရှိစွာဖြင့် အိပ်လေ့ရှိသည်။ ၃ နာရီပြည့်သည်နှင့်တစ်ပြိုင်နက် သူမ အိမ်မက်တွေကို အတည်ပြုရန် အပြင်ထွက်သွားလေတော့သည်။ ထိုအရာမ်ားအား သူမ နေ့စဉ်ပြုလုပ်လေ့ရှိပြီး လူသားများအားစားသောက်ရမှာကို ပျင်းလွန်းသည့်အတွက်ဖြစ်သည်။

ဈေးဝယ်စင်တာအောက်မှ ဂိုထောင်သည် မှောင်မည်းနေပြီး လူသားများအတွက်ဆိုလျင် လက်ချောင်းတောင်မမြင်နိုင်ပေ။ သို့သော် ရန်ဟန်၏မျက်လုံးအစုံအတွက်တော့ အတားစီးမရွိပဲ လမ်းလျောက်နိုင်သည်။

ဖယောင်းတိုင်ကိုမီးညှိလိုက်ချိန်မှာတော့ ဟန်ခိုင်သည် ထူးဆန်းသည့် တစ္စုံတစ္ခုကို တွေ့ ရှိပြီး ထိတ်လန့်သွားသည်။ သူက ဖယောင်းတိုင်ကိုကိုင်ကာ ရန်ဟန်မျက်နှာ အနီးသို့ကပ်လိုက်ပြီး ဖြေးလေးစွာဖြင့် စကားနှစ်လုံးပြောလိုက်သည်

"ယန်ဟန်"

ထို့နောက် သူက နူးညံ့တဲ့လေသံနှင့် " မင်းက ယန်ဟန်ပဲ"

ယန်ဟန်...သူမ နာမည်က ယန်ဟန်လား...သူမ သူ့အား ကိုယ်အမူအရာဖြင့်ဖော်ပြလိုက်သည်။

ဟန်ခိုင် ခေါင်းငြိမ့်ပြလိုက်သည်။

အကျိုးဆက်အနေဖြင့် သူမနှင့် ဒီအမျိုးသားဟာ အရင်ကချစ်သူတွေဖြစ်ခဲ့ကြမှန်း ပိုသေချာသွားသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now