ဇွန်ဘီမလေးယန်ဟန်

216 24 0
                                    

Chapter 24

ကျီကျောက်ယန် သည် ဟန်ခိုင်၏ ရုံးခန်းထဲမှ ထွက်လာပြီး ဓာတ်လှေကားသို့ အသွားတွင် ရုတ်တရက် အကြံတစ်ခု ရလာသည်။

ယန်ဟန်သည် အကြောင်းတစ်ခုခုကြောင့် ဟန်ခိုင် ၏အိမ်တွင် တစ်ချိန်လုံး ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။ မေလ ၁၇ ရက်နေ့ကတည်းက စစ်ဆင်ရေးအဖွဲ့သည် လူနေရပ်ကွက်များနှင့် ရုံးအဆောက်အအုံများကို ရှာဖွေခဲ့ပြီးဖြစ်သည်။ သို့သော် လူနေအိမ်များနှင့် တိုက်ခန်းများ ကျန်သေးသည်။

ဇြန္ဘီကို ဘယ္လိုလူက အိမ်မှာ ဖွက်ထားနိုင်မှာလဲ.....

ကျီကျောက်ယန် ဖခင်ဖြစ်သူ၏ ရုံးခန်းထဲသို့သွားပြီး ဟန်ခိုင်၏ အဆောင်လိပ်စာကို မေးလိုက်သည်။ ကျီဟုန်က သူဘာကြောင့် မေးသည်ကို နားမလည်သော်လည်း လိပ်စာမိတ္တူကို ပေးလိုက်သည်။

ထို့နောက် ကျီကျောက်ယန်သည် အမှတ် ၄၁၃၊ အဆောက်အဦး -ဘီ ၊ (ကျားယွမ် )သို့သြားပြီး ဟန်ခိုင် ၏ အခန်းနှင့် မျက်နှာချင်းဆိုင် အခန်းကို ငှားရမ်းလိုက်လေသည်။

ထို့နောက် ကင်မရာတစ်လုံးကို သူ့အခန်း ပြတင်းပေါက်တွင် တပ်ဆင်ထားပြီး ဟန်ခိုင်၏ လသာဆောင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ကျီကျောက်ယန် သည် နေ့လယ် ၁ နာရီကတည်းက ချောင်းနေခဲ့ရာ ညေန ၅ နာရီမွ လသာဆောင်သို့ တစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရလျှင် ဓါတ္ပုံမ်ားကို ဆက်တိုက် ရိုက်ယူလိုက််သည်။

ယန်ဟန် သည် ထိုအနက်ရောင် လေကာအင်္ကျီနှင့် ခေါင်းစွပ်ကို ၀တ်ဆင်ထားဆဲဖြစ်ပြီး ကျီကျောက်ယန် ကို ကျောပေးထားခြင်းဖြစ်၍ ဓာတ်ပုံထဲတွင် အနက်ရောင် အင်္ကျီကိုသာ မြင်ရလေသည်။

ယန်ဟန်သည် မနေ့ညက ဟန်ခိုင်က ယွင်ကျင့်မြို့ကို အမြန်ပြန်သွားဖို့ တောင်းဆိုသည့်အတွက် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ထို့နောက် ဟန်ခိုင်က သူမ ကြောက်လန့် သွားစေရန် နှိပ်စက်ထားသော ဇြန္ဘီမ်ား၏ ဓာတ္ပုံမ်ားကို ပြခဲ့သည်။

နောက်နေ့ မနက်တွင် ဟန်ခိုင်က ယန်ဟန်ကို လသာဆောင်မှာသာ အိပ်နေဖို့ ပြောထားသဖြင့် သူမသည် တစ္မနက္လုံး အိပ်နေပြီး နေ့ခင်းရောက်မှ နိုးလာသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now