ဇွန်ဘီမလေး ယန်ဟန်

130 4 0
                                    

Chapter 100

{ ပစ်ချက်တစ်ချက်သာ လိုအပ်သည် - ၂ }

" သားရဲ့အေ... ဦးလေးကျန်းပါ "

ထိုအခါတွင်မှ ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်ကို ပြန်သတိရသွားခဲ့ကာ နှစ်ဦးသား စကားစမြည် ပြန်ပြောဖြစ်ကြတော့သည်...တစ်ဖက်တွင်တော့ ချန်းဟွမ်ဟာ အားရပါးရရယ်မောနေမိသည်..

ကလေးလေးသည် သူနှင့်စကားပြောနေသောသူမှာ မည်သူမှန်း မသိပါဘဲ စကားကောင်းနေခဲ့သည်လေ...

ခေတ္တအကြာတွင်တော့ သူမဟာ သူမ ပါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့ကာ ညစာချက်ခြင်းလုပ်ငန်းကို ပြန်လည်စတင်လိုက်တော့၏...

ချန်းဟွမ်တစ်ယောက် ညစာချက်ပြုတ်ပြီးချိန်တွင်တောင် ရှင်းရှင်းလေးသည် ကျန်းမင်ယွမ်နှင့် စကားကောင်းလို့နေဆဲပင်...  ကလေးလေးသည် ကျန်းမင်ယွမ်အား သူ့သူငယ်ချင်းတွေအကြောင်း၊ သူ စားခဲ့ရတဲ့အစားအသောက်တွေအကြောင့်နဲ့ သူ့အမေအကြောင်းတို့ကို ပြောပြနေခဲ့ခြင်းဖြစ်လေသည်...

ကျန်းမင်ယွမ်သည်လည်း သားဖြစ်သူရဲ့မိခင်အကြောင်းနှင့် သူမ လုပ်ပေးသောဟင်းလျာတို့အကြောင်းကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးနေ၏...

ကျန်းမင်ယွမ်ဟာ သားဖြစ်သူ ပြောပြသောဟင်းလျာအမည်များကို သေချာမမှတ်မိနိုင်သော်လည်း ဟင်းလျာတိုင်းအတွက် ကလေးလေး၏ဖော်ပြချက်များက အရသာရှိတယ်၊ အရမ်းအရသာရှိတယ်၊ အရမ်းအရမ်းအရသာရှိတယ် စသည်တို့သာဖြစ်သည်..

ရှင်းရှင်းလေးက အရသာရှိသောဟင်းလျာများအကြောင်း ပြောနေသည်ကို နားထောင်နေရင်း ကျန်းမင်ယွမ် ကိုယ်တိုင်ပင် ဗိုက်ဆာသွားခဲ့ရလေသည်... ထို့နောက် သူ နာရီကို တစ်ချက်ကြည့်လိုက်ရင်း သူ့ဂျာကင်အင်္ကျီကို ကောက်ကိုင်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့တော့၏... တစ်ခဏအကြာတွင် ချန်းဟွမ်မှ ညစာအဆင်သင့်ဖြစ်ပြီဟု ပြောလာအခါတွင်တော့  ဖုန်းချလိုက်လေသည်...

ကျန်းမင်ယွမ်သည် ထိုညတွင် ညစာစားပွဲတစ်ခုကို တက်ခဲ့ရသေး၏...

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now