ဇွန်ဘီမလေး ယန်ဟန်

118 10 0
                                    

Chapter 97

ယနေ့နံနက်တွင် လင်းကျင်းရှု သည် ထုံးစံအတိုင်း‌ အရုဏ်တက်သည်နှင့်နိုးလာသည်။ သူမသည် အိပ်မပျော်တော့သဖြင့် ထကာ ဗိုက်ဆာသည်အထိ စခန်းအတွင်း လျှောက်သွားနေလိုက်သည်။ အခန်းသို့ ပြန်ခါနီးတွင်  သူမသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် စကားပြောနေသည့် ယန်ဟန်ကို မတော်တဆ တွေ့လိုက်ရသည်။ လင်းကျင်းရှု က သိပ်စိတ်မဝင်စားဘဲ လမ်းဆက်လျှောက်ရန် ပြင်လိုက်စဉ် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ယန်ဟန်ကို အခြားလူလတ်ပိုင်း အမျိုးသားတစ်ဦးက ဆွဲခေါ်သွားသည်ကို သူမ မြင်လိုက်ရသည်။

လင်းကျင်းရှု သည် ထိုလူနှစ်ယောက် က သူမကို တွေ့သွားမည်စိုး၍ နံရံ‌အကွယ်တွင် ပုန်းလိုက်သည်။ လူလတ်ပိုင်း အရွယ်အမျိုးသား နှစ်ယောက်က ယန်ဟန်ကို သတိလစ်သွားအောင် ရိုက်လိုက်ပြီးနောက် သူမကို ပုခုံးပေါ်တင်ကာ တစ်ဖက်သို့ လျှောက်သွားကြသည်။ လင်းကျင်းရှု သည် ထိုအချိန်က အဘယ်ကြောင့် သူတို့နောက်သို့ လိုက်သွားမိမှန်း နားမလည်နိုင်တော့ပေ။

ထိုလူနှစ်ယောက်က ယန်ဟန်ကို မြေအောက်ထပ်သို့ သယ်ဆောင်သွားပြီး သူမလည်း အောက်ထပ်သို့ လိုက်သွားခဲ့သည်။ သူမကို တွေ့မှာစိုး၍ သိပ်အနီးကပ်မနေရဲဘဲ ထောင့်တစ်ခုတွင် ပုန်းနေပြီး သူတို့နှစ်ယောက် ပြောနေသည်ကို ခိုးနားထောင်ခဲ့သည်။

သူတို့နှစ်ယောက် စကားပြောပြီးသည်နှင့် လင်းကျင်းရှု က သူတို့ထဲက တစ်ယောက်မှာ လျန့်ချောင် မှန်း မှတ်မိသွားပြီး နောက်တစ်ယောက်ကိုမူ ဘယ်သူမှန်းမသိပေ။ လျန့်ချောင် က ကြိုးတစ်ချောင်းနှင့် ယန်ဟန်ကို ချည်ထားခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ဟွမ်ကျစ်ပင်း အား ပြောပြနေလေသည်။

ဟွမ်ကျစ်ပင်း က သိပ်စဉ်းစားမနေတော့ဘဲ မူးလဲသွားသည့် ယန်ဟန် ကို ထိုင်ခုံပေါ်တွင် တင်ထား‌ပေးပြီး လျန့်‌ ချောင် ကြိုးနှင့် ချည်ရန် ကူညီပေးလိုက်သည်။

မမျှော်လင့်စွာနှင့် လျန့်ချောင် က ဟွမ်ကျစ်ပင်း ကို ကြိုးနှင့်ချည်ပစ်လိုက်ရာ ဟွမ်ကျစ်ပင်း တုန်လှုပ်သွားရသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now