Chapter 25
ကျီကျောက်ယန် နှင့် လီနန်ရှန့် တို့သည် စစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်၆ဦးနှင့်အတူ ဟန်ခိုင်၏ အခန်းသို့ ရောက်လာလေသည်။ အခန်းထဲသို့ မဝင်မီ သူတို့နှစ်ယောက်သည် မည်သူက အခန်းထဲသို့ အရင်ဝင်မည်ကို တိုင်ပင်ကြသေးသည်။
ကျီကျောက်ယန် က လီနန်ရှန့် ကို ရင်းရင်းနှီးနှီး ပြောလိုက်သည်။
"နန်ရှန့်...မင်း ဟန်ခိုင်ရဲ့ အခန်းကို နှံ့နှံ့ စပ်စပ် သိတယ္မဟုတ္လား...မင်းရှေ့ကသွားတာ ပိုကောင်းတယ်.."
လီနန်ရှန့်က မဆိုင်းမတွဘဲ ချက်ချင်း သဘောတူလိုက်သည်။
"လူစုလူဝေးနဲ့ မဝင်တာ ကောင်းမယ်... အခန်းတံခါးဝကို ရောက်တာနဲ့ တံခါးကိုခေါက်...ပြီးရင် အထဲက အသံကိုနားစွင့်ထား.. "
လီနန်ရှန့် က ခေါင်းညိတ်လိုက်ပြီး ကျီကျောက်ယန် ၏ စကားအတိုင်း တံခါးဝဆီသို့ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။ လီနန်ရှန့် တံခါးမခေါက်မီ ကျီကျောက်ယန် က အဖွဲ့သားများကို နောက်ဆုတ်ရန် လက်ပြလိုက်သည်။
တံခါးခေါက်ပြီးနောက် လီနန်ရှန့် သည် အိမ်ထဲမှ အသံကို ဂရုတစိုက်နားထောင်ကြည့်ရာ မသင်္ကာဖွယ် အသံမ်ား မကြားရပေ။
ထို့နောက် မိနစ်ဝက်ခန့်ကြာလျှင် တံခါးကို ဟန်ခိုင်က လာဖွင့်ပေးလေသည်။
တံခါးဖွင့်ဖွင့်ချင်း ဟန်ခိုင်သည် လီနန်ရှန့် ဘေးမှ ကျီကျောက်ယန် ကို သတိပြုမိလိုက်သည်။
ကျီကျောက်ယန် က လက္ကို ဝှေ့ယမ်းပြလိုက်ရာ စစ်ဆင်ရေး အဖွဲ့သား ခြောက်ဦးသည် ဟန်ခိုင်၏ အိမ်ထဲသို့ ချက်ချင်း ဝင်သွားကြသည် ။
လီနန်ရှန့် က ဟန်ခိုင်ကို စိုးရိမ်တကြီးပြောလိုက်သည်။
"အားခိုင်... အဆင်ပြေရဲ့လား.."
ဟန်ခိုင်သည် လီနန်ရှန့်၏ မေးခွန်းကို မဖြေသေးဘဲ ကျီကျောက်ယန် ကို ပြောလိုက်သည်။
"ပရော်ဖက်ဆာ ကျီ...ခင်ဗျား ဘာလုပ္တာလဲ..."
" မင်းတို့ကရော ငါ့အိမ်ထဲကို ဘာလို့ ဝင်လာကြတာလဲ..."