ဇွန်ဘီမလေးယန်ဟန်

248 28 0
                                    

Chapter 16

အုပ္စု C မွ အဖွဲ့ဝင်များသည် လက်ထဲမှ သေနတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြပြီး အသံလာရာဘက္သို့ စိုက်ကြည့်နေကြသည်။

မကြာမီ အေဝးမွ တရွေ့ရွေ့လာနေသော လူတစ်ယောက်ကို ကျန်းယုံ မြင်လိုက်သောအခါ သေနတ်ခလုတ်ကို ဆွဲမည်ပြုစဉ် အဖွဲ့ဝင်တစ်ယောက်က တားလိုက်သည်။

"မပစ်ပါနဲ့...အဲ့ဒါ အစ်ကိုထောင် ပါ..."

ထို့နောက် ကျန်းယုံ သေချာကြည့်လိုက်ရာ အမှန်တကယ်ပင် ချန်ထောင် ဖြစ်နေသည်ကို တွေ့ရသော်လည်း ချန်ထောင် ၏နောက်တွင် ဇွန်ဘီတစ်ကောင် လိုက်လာသောကြောင့် ချက်ချင်းပင် သေနတ်ကို ပြန်ချိန်လိုက်သည်။

ထိုဇြန္ဘီ၏ မျက်နှာတစ်ပြင်လုံးသည် သွေးများပေကျံနေကာ သြားဖုံးမ်ားက ပွင့်ထွက်နေပြီး ရှေ့မှပြေးနေသော ချန်ထောင်ကို ဖမ်းရန် လက်များဆန့်တန်းလျက် လိုက်ပါလာသည်။ကျန်းယုံ သည် သေနတ်ခလုတ်ကို အမြန်ဆွဲလိုက်ပြီး ချန်းထောင် နောက်မှ ဇြန္ဘီကို ပစ်လိုက်သော်လည်း ဇြန္ဘီမွာ ပြေးနေသဖြင့် မ်က္လုံးမ်ားကိုသာ ထိမှန်သွားသည်။ထို့နောက် ဆက္တိုက္ဆိုသလို ဇြန္ဘီ၏ ဦးခေါင်းကို အချက်ပေါင်းများစွာ ပစ်လိုက်ရာ ဦးခေါင်းတစ်ခုလုံး ပျက်ဆီးသွားပြီး ဦးနှောက်များနှင့် အသားစများသည် ချန်ထောင် ကိုယ်ပေါ်တွင် ဖြန်းကနဲ ပေကျံသွားလေသည်။

ချန်ထောင် သည် လက်တစ်ဖက်ဖြင့် သူ့လည်ပင်းရှိ ဒဏ်ရာကို တင်းကြပ်စွာဖိထားပြီး က်န္လက္တစ္ဖက္က သေနတ်ကို ကိုင်ထားသည်။သူ့နောက်မှ လိုက္လာသော ဇြန္ဘီ သေသွားသည်ကို မြင်လိုက်လျှင် ကြိုးပြတ်သွားသည့် အရုပ်ပမာ ချက်ချင်းခွေခေါက်လဲကျ သွားလေတော့သည်။

ချန်ထောင် သည် ဇွန်ဘီအကိုက်ခံထားရသဖြင့် မည်သူမျှ သူ့ဆီ မချဉ်းကပ်ဝံ့ကြပေ။ထိုစဉ် ချန်ထောင်သည် မြေပြင်ပေါ်တွင် လဲနေရာမှ ခေါင်းထောင်လိုက်၍ ကျန်းယုံ ၏ အမည်ကို ခေါ်နေလေ၏။

"အားယုံ...အားယုံ..."

ကျန်းယုံ က စိတ်လှုပ်ရှားစွာ တံတွေးကို မျိုချလိုက်ပြီး ခြေလှမ်းကို ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ရာ အဖွဲ့ C မွ အဖွဲ့သားတစ်ဦးသည် ကျန်းယုံ ကို အမြန်ဖမ်းဆွဲထားသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now