Chapter 67
ရေခဲပြင်ကြီး လုံးဝအရည်ပျော်သွားသောအခါ စွန်းကျားရှီ သည် ကျွန်းတစ်ခုလုံးရှိ လူများကို အုပ်စုခွဲ ပစ်လိုက်သည်။ လှေအစင်းရေ များစွာမရှိသဖြင့် လူအားလုံးကို တစ်ပြိုင်နက် ကယ်ထုတ်ရန် မဖြစ်နိုင်သောကြောင့် စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။
ယွင်ကျင့် မြို့သည် လူဦးရေ သန်း ၂၀ ကျော်ရှိပြီး လူ ၁၀၀,၀၀ သာ အသက်ရှင်ကျန်ရစ်သောကြောင့် ယွင်ကျင့်မြို့တွင် အနည်းဆုံး ဇွန်ဘီ သန်း၂၀ ရှိပုံရသည်။ ယခုတစ်ကြိမ် ကျွန်းပေါ်တွင် ဇွန်ဘီပေါင်း ရာနှင့်ချီ ရောက်ရှိလာသော်လည်း ယွင်ကျင့်မြို့တွင် ဇွန်ဘီကောင်ရေ သန်း ၂၀ နီးပါး ကျန်ရှိနေပေဦးမည်။ ထို့ကြောင့် ကျွန်းမှ ထွက်ခွာသွား သောအခါ သူတို့သည် လုံးဝဘေးကင်းသည်ဟု မဆိုလိုဘဲ ကျားပါးစပ်မှ ဝံပုလွေ ခံတွင်းဝသို့ သွားကြခြင်း ဖြစ်လေသည်။
သူတို့ ယွင်ကျင့် မြို့သို့ ရောက်သည့်အခါ တတ်နိုင်သမျှ လုံခြုံသော စခန်းတစ်ခုကို ရှာရမည်ဖြစ်သည်။သို့မဟုတ်ပါက ယွင်ကျင့် မြို့ကို ရောက်ရောက်ချင်း သေသွားနိုင်သောကြောင့် ယွင်ကျင့် မြို့ကို သွားမည့် ပထမအုပ်စုမှာ အလွန်အရေးကြီးလေသည်။မြို့တော်ဝန်က လက်နက်ကိုင်တပ်ဖွဲဘမှ ထူးချွန်သူများကို အရင်ဆုံး ကျွန်းမှ အမြန် ထွက်ခွာရန်နှင့် ယွင်ကျင့်မြို့တွင် စခန်းချနိုင်ရန် မှာကြာထားလေသည်။ ယခုမူ အုပ်စုများ ခွဲထားလိုက်သဖြင့် သူ့ကို အခြားလူများက ထင်ကြေး
ပေးမည်ကို အနည်းငယ် စိုးရွံ့လျက်ရှိသည်။
စွန်းကျားရှီ က လက်ထဲမှ စာအုပ်ကို စိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
လူသားတို့သည် ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရလေလေ၊ လူသားတို့၏ တစ်ကိုယ် ကောင်းဆန်သော စရိုက်သဘာဝမှာ ပို၍ ထင်ရှားလာလေလေ ဖြစ်သည်။
စွန်းကျားရှီ သည် ထွက်ပြေးရန် အစီအစဥ်နှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကို လူတိုင်းအား ရှင်းပြခဲ့လေသည်။ သို့ရာတွင် တစ်စုံတစ်ယောက်က ကန့်ကွက်ခဲ့ပြီး ထိုကန့်ကွက်သူမှာ အသက် ၄၀ အရွယ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။