ဇွန်ဘီမလေး ယန်ဟန်

146 13 0
                                    

Chapter 76

ဟွမ်ကျစ်ပင်း သည် ယန်ဟန် မှာ သူ့စကား၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်သည်ကို တွေ့လိုက်ရသော်လည်း သူက အတွင်းလူ တစ်ယောက်ဖြစ်၍ ယန်ဟန် နှင့် စကားပြောရန် အဆင်မပြေသဖြင့် “အင်း ထားပါတော့...” ဟု ပြောကာ လှည့်ထွက်လိုက်သည်။

အခန်းထဲပြန်ရောက်လျှင် ဟွမ်ကျစ်ပင်း  ကုတင်ဘေးတွင် ထိုင်ပြီး တွေးနေမိပြီး စိတ်မသက်မသာ ခံစားရသဖြင့် လျန့်ချောင် နှင့်တွေ့ရန် ထွက်လာခဲ့လေသည်။ ထို့နောက် လျန့်ချောင် ၏အခန်းသို့ ရောက်လျှင် ယန်ဟန်သည် ဗိုင်းရပ်စ် သုတေသနဌာနသို့ ရောက်ရှိလာပြီး ကာကွယ်ဆေး ထုတ်လုပ်ရန် စီစဉ်နေကြောင်း လျန့်ချောင် အား ပြောပြလိုက်သည်။

လျန့်ချောင် မှာ ဟွမ်ကျစ်ပင်း၏ စကားကြောင့် အချိန်အတော်ကြာ အံ့အားသင့်သွားပြီး ထိတ်လန့်တကြား ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး... ယန်ဟန် က ဇွန်ဘီ မဟုတ်ဘူးလား...သူမ ကျွန်တော်တို့စခန်းကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."

ဟွမ်ကျစ်ပင်း က ခေါင်းခါလိုက်ပြီး လျန့်ချောင် မှာ သူ့စကား၏ ဆိုလိုရင်းကို နားမလည်သဖြင့် အပြစ်တင်လိုက်သည်

"မင်း နားမလည်ဘူးလား...ယန်ဟန်က ဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေးကို စပြီး သုတေသန ပြုတော့မယ်လို့ ပြောတယ်...သူမက အစကတည်းကဒီဇွန်ဘီ ဗိုင်းရပ်စ်ကို တီထွင်ခဲ့တဲ့သူလေ... ဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေးကို တီထွင်ဖို့လည်း သူမအတွက် ခက်ခဲမှာမဟုတ်ဘူး...တကယ်လို့ သူမသာ ဒီအချိန်မှာ ကာကွယ်ဆေး တကယ်ထုတ်နိုင်ခဲ့မယ်ဆိုရင် နှစ်ပေါင်းများစွာ လုပ်ထားတဲ့ ငါ့တို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အချည်းနှီးဖြစ်သွားမှာ မဟုတ်လား..."

လျန့်ချောင် သည် အံ့အားသင့်သွားကာ ခဏမျှ စဉ်းစား၍ ပြောလိုက်သည်။

“ဦးလေး ဒီအကြောင်းကို မသိဘူး ထင်တယ်... လွန်ခဲ့တဲ့တစ်လက ယန်ဟန်ကို ကျွန်းပေါ်မှာ ကျွန်တော်တွေ့ခဲ့တယ်... သူမက ဇွန်ဘီဖြစ်နေတာလေ... ကျီကျောက်ယန် က CDC ကို ခေါ်သွားပြီး ဇွန်ဘီလှောင်အိမ်ထဲမှာ သူမကို သော့ပိတ်ထားခဲ့တာဗျ..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now