ဇွန်ဘီမလေး ယန်ဟန်

138 14 0
                                    

Chapter 78

ယန်ဟန်က လျန့်ချောင် ကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်လိုက်ရင်း တစ်နေရာရာမှာ မြင်ဖူးနေသည့် သူ့မျက်လုံးထဲမှ အကြည့်ကို သတိရရန် ကြိုးစားနေသည်။

ခဏကြာပြီးနောက် ယန်ဟန် သတိရသွားလေသည်။ ကျွန်းပေါ်တွင် ကျီကျောက်ယန် သူမကို လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားစဉ်က တစ်ကိုယ်လုံး လုံခြုံအောင် ဝတ်ဆင်ထားသော လူတစ်ယောက်သည် ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းထဲသို့ ခိုးဝင်လာခဲ့သည်။ ထို့နောက် ထိုလူက သံလှောင်အိမ်ဘေးတွင် ရပ်ကာ သူမကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ထိုအချိန်ကလည်း သူမက ထိုလူနှင့် မျက်လုံးချင်းစုံ၍ ပြန်ကြည့်နေခဲ့လေသည်။

ယခု လျန့်ချောင် ၏ အကြည့်သည်လည်း ထိုအချိန်က အမည်မသိလူကြီး၏ အကြည့်နှင့် တစ်ပုံစံတည်း တူနေလေ၏။ လျန့်ချောင် သည် ထိုစဉ်က လုံလုံခြုံခြုံ ဝတ်ဆင်ထား၍ သူ့မျက်နှာတစ်ခုလုံးတွင် မျက်လုံးနှစ်လုံးကိုသာ မြင်နေရပြီး ကျီကျောက်ယန်ကလည်း ထိုအချိန်တွင် ဓာတ်ခွဲခန်းထဲမှာ ရှိမနေခဲ့ပေ။ ထို့ကြောင့် လျန့်ချောင် သည်  ကျီကျောက်ယန် မသိဘဲ ဓာတ်ခွဲခန်းထဲသို့ ခိုးဝင်လာခြင်း ဖြစ်၏။ ထို့နောက် သူမကို သေသေချာချာ စိုက်ကြည့်ကာ ပြန်ထွက်သွားခြင်းဖြစ်၍  ကျီကျောက်ယန် ဖမ်းထားသော ဇွန်ဘီမှာ မည်သူမည်ဝါ ဆိုသည်ကို လာကြည့်ခြင်း ဖြစ်သည်။ လျန့်ချောင် သည် ထိုအချိန်ကတည်းက သူမကို မှတ်မိနေခဲ့ရမည်။ ဆိုလိုသည်မှာ သူမသည် ဇွန်ဘီအဖြစ်မှ သာမန်လူ အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူသိနေပြီ ဖြစ်သည်။

ယန်ဟန်က ယခု လျန့်ချောင် ၏ အမူအရာကို အကဲခတ်ကြည့်ရာ သူ့ပုံစံမှာ အံ့သြပုံမပေါ်ပေ။ လျန့်ချောင် မှာ  ရိုးသားသူမဟုတ်ကြောင်း သူမ၏ အသိစိတ်တွင် အလိုလို သိနေလေ၏။  လျန့်ချောင် က ယခု ဓာတ်ခွဲခန်းသို့ အထူးတလည် လာရခြင်းမှာလည်း သူမတို့အား ကူညီရန်သက်သက် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမတို့၏ စမ်းသပ်မှုကို လျန့်ချောင် အား လုံးဝစွက်ဖက်ခွင့် မပေးသင့်‌ပေ။

သို့သော် ယခုပြဿနာမှာ လျန့်ချောင် ဓာတ်ခွဲခန်းထဲမှ အမြန်ထွက်သွားရန် မည်သို့ပြောရမည် ဆိုသည်ကိုပင်။ လိမ္မာပါးနပ်စွာ အပြောချိုချိုလေးဖြင် ပြောရန် မလိုအပ်ဟု ထင်သောကြောင့် ယန်ဟန်က ဒဲ့ပြောရန် ဆုံးဖြတ်လိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now