ဇွန်ဘီမလေး ယန်ဟန်

118 10 0
                                    

Chapter 90

ယန်ဟန်က အသနားခံနေသည့် ကျိုးဝမ်လုံ ကို ကြည့်ပြီး သူမဘသာသူမ တွေးမိသွားရသည်။

'ဒီလူက တစ်ကယ့်ကို သူရဲဘောကြောင်တာပဲ...မနေ့တုန်းက‌ သူ စိတ်ဆိုးနေတာ မဟုတ်ဘူးလား... အယောင်ဆောင်ကျားပဲ...'

"မနက်ဖြန် ရှင့်ပုံစံကို ကြည့်လိုက်ဦးမယ်...ရှင် ကောင်းကောင်းနေရင် နောက်နှစ်ရက်လောက်အထိ  ကြိုးမတုပ်ဘူး...."

ထို့နောက် ယန်ဟန် က လှည့်ကြည့်ကာ စမ်းသပ်စင် ဆီသို့ လှည့်ထွက်သွား လေသည်။

လီနန်ရှန့် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ယန်ဟန် နှင့် ဟန်ခိုင် တို့က သူ့ကို တစ်ယောက်တည်း ထားခဲ့ကာ အလုပ်လုပ်ရန် စမ်းသပ်စင် ဆီသို့ သွားကြလေသည်။

ကျိုးဝမ်လုံ မှာ ဒေါသထွက်နေပြီး သနားစရာလည်း ကောင်းနေတော့သည်။ လီနန်ရှန့် က ကြိုးကို ယခင်နေ့ကထက် နှစ်ဆပို၍တင်းကျပ်စွာ တုပ်နှောင်ထားလေသည်။ယခင်နေ့ကလည်း သူ့မှာ ညဘက် ရောက်သောအခါ လှေကားမှပင် မဆင်းနိုင်တော့ပေ။

ကျိုးဝမ်လုံ မှာ မျက်မှောင်ကြုတ်ကာ ကြမ်းပြင်ကို စိုက်ကြည့်နေလေသည်။

သူ နေ့ခင်းဘက် ရောက်သောအခါ ကုလားထိုင်ကို မှီကာ ဟောက်သံများ ထွက်သည်အထိ အိပ်ပျော်သွားသော်လည်း  ယန်ဟန် အသံကြောင့် ရုတ်တရက် နိုးလာရသည်။

“ဟန်ခိုင်...နံပါတ် ၀၈၉ က ရန်လိုတာတွေ သိသိသာသာ လျော့သွားတယ်...သူ့ကိုယ်ပေါ်က အသားပုပ်တွေကလည်း နည်းသွားတယ်...သူ့မျက်လုံးကို ဓာတ်မီးနဲ့ ထိုးလိုက်ရင်လည်း သူငယ်အိမ်က နည်းနည်းကျုံ့သွားပြီ... ဒါကြောင့် အင်ဇိုင်း နံပါတ် ၀၈၉ က သိသိသာသာ အနာကျက်နေပြီ...အဲ့တော့  နံပါတ် ၀၈၉ မှာရှိတဲ့ အင်ဇိုင်းဟာ ကျွန်မတို့ ရှာနေတဲ့ gene cleavage အင်ဇိုင်း ဖြစ်နိုင်တယ်..."

ကျိုးဝမ်လုံ သည် ဇီဝဗေဒကျောင်းသားတစ်ဦးဖြစ်ပြီး CDC တွင် R ဗိုင်းရပ်စ်ကို သုံးနှစ်ကျော် လေ့လာခဲ့  သူဖြစ်၍ ‌အနည်းငယ် ရူးနှမ်းသော်လည်း ယန်ဟန် ပြောသည့်အဓိပ္ပါယ်ကို ကောင်းစွာ နားလည်လေသည်။

Cleavage အင်ဇိုင်း...

R ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပစ္စည်းမှာ RNA ဖြစ်ပြီး အလွန်မတည်မငြိမ်သဖြင့်ဗီဇပြောင်းရန် လွယ်ကူလေသည်။ ထို့ကြောင့် R ဗိုင်းရပ်စ် မျိုးကွဲအားလုံးအတွက် သင့်လျော်သော Antigen ကို ရှာဖွေရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။ သို့သော် တိကျသော ဗီဇဖြတ်တောက်နိုင်သည့် အင်ဇိုင်းတစ်ခုဖြစ်လျှင် အခြေအနေများအားလုံး ကွဲပြားသွားနိုင်သည်။ အကယ်၍ ဤ cleavage အင်ဇိုင်း သာ ခန္ဓာကိုယ်ထဲတွင် ရှိနေပါက R ဗိုင်းရပ်စ် သည် လူ့ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်လိုက်သည်နှင့် cleavage အင်ဇိုင်း က R ဗိုင်းရပ်စ် ၏ မျိုးရိုးဗီဇပစ္စည်းကို ချက်ချင်းဖြတ်သွားမည်ဖြစ်ပြီး လက်ခံကောင်ထဲ ရှိ R ဗိုင်းရပ်စ် သည် အသက်မဝင်နိုင်‌တော့ပေ။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now