Chapter 60
ကျွန်းပေါ်ရှိ လူတိုင်းကို ပြောပြပါက သူ့ကိုသာ အရူးဟု ထင်ကြပေလိမ့်မည်။
ကံတရားဟုသာ ဆိုရပေတော့မည်။
ဟန်ခိုင် က ခေါင်းညိတ်လိုက်ရင်း ပြောလေသည်။
"ငါ ဒီကိစ္စကို ကြည့်လုပ်လိုက်မှာမလို့ မင်း စိတ်မပူပါနဲ့...."
ယန်ဟန် က ထပ်မေးမည် စိုး၍ စကားလမ်းကြောင်းလွှဲလိုက်သည်။
"မင်းဘာလို့ ကျွန်းကို ရုတ်တရက်ရောက်လာတာလဲ...."
ယန်ဟန်က ကျီကျောက်ယန် သည် ဇွန်ဘီဘုရင်ဖြစ်လာပြီး သူမကို သတ်ချင်နေ၍ ထွက်ပြေးလာသည့်အကြောင်းကို ဟန်ခိုင်အား အတိုချုံး ပြောပြလိုက်သည်။
ဟန်ခိုင် ကခေါင်းငုံ့နေပြီး ဘာမှ မပြောပေ။
ကျီကျောက်ယန် က ယန်ဟန် ကို ဘာလို့ သတ်ချင်နေရပါလိမ့်...
ယန်ဟန် က ကျီကျောက်ယန် ကို ကိုက်ခဲ့သဖြင့် သူမကို အမှတ်ရပြီး လိုက်သတ်နေခြင်း ဖြစ်နိုင်သည်။
'ဒါဆို သူကကျွန်းကိုလည်း မှတ်မိနေမလား...ဒါကြောင့် သူက ပင်လယ်ရေ ခဲနေတဲ့အချိန်မှာ ဇွန်ဘီတွေကို ကျွန်းဆီ ခေါ်သွားချင်နေတာလား....'
ဟန်ခိုင် ခေါင်းခါလိုက်သည်။ သူယခု အသုံးမဝင်သည့် ထင်မြင်ချက်များကို တွေးနေမည့်အစား ကျွန်းကိုရောက်လာမည့် ဇွန်ဘီများ အကြောင်းကို မြို့တော်ဝန်အား အမြန်ဆုံး ပြောပြရမည် ဖြစ်သည်။
နောက်နေ့မနက်စောစောတွင် ဟန်ခိုင် ဓာတ်ခွဲခန်းကို အရင်သွား၍ စမ်းသပ်ချက်များ အကြောင်းကို ကျန့်စစ်ချီ အား အတိုချုံးရှင်းပြပြီးနောက် မြို့တော်ဝန် စွန်းကျားရှီ နှင့် တွေ့ရန်အုပ်ချုပ်ရေး အဆောက်အဦးသို့ သွားလိုက်သည်။
သူ အုပ်ချုပ်ရေးအဆောက်အဦး သို့ ရောက်သောအခါ မြို့တော်ဝန်၏ လက်ထောက်ကိုသာ တွေ့လိုက်ရသည်။ မြို့တော်ဝန်က အစည်းအဝေးတစ်ခု တက်နေပြီး မအားလပ်ပါ ဟု လက်ထောက်က ပြောလေသည်။
ထို့ကြောင့် ဟန်ခိုင် က မြို့တော်ဝန် အစည်းအဝေးပြီးအောင် စင်္ကြံတွင် ထိုင်စောင့်နေလိုက်သည်။မြို့တော်ဝန်၏ အစည်းအဝေးသည် နှစ်နာရီ သို့မဟုတ် သုံးနာရီကြာလိမ့်မည် ဖြစ်သည်။