အခန်း ၂

1.3K 103 2
                                    

Zawgyi
အခန်း (၂)

ကျိုးယွီက သေဆုံးပြီးသည့် နတ်မင်းသားကိုးနှင့် ဆင်တူသည်ဟု အားလုံးသော နတ်တွေက ယူဆထားကြသော နတ်တစ်ပါး ဖြစ်သည်။ နတ်မင်းသားကိုးကဲ့သို့ အပြာရောင် မျက်ဝန်းများနှင့် စင်းကျနေသော ဆံနွယ်များက ဖြောင့်စင်းနေ၏။ နူးညံ့သော နတ်တစ်ပါး ဖြစ်သည့်အပြင် သိမ်မွေ့သော ပညာရပ်တွေကိုသာ သင်ကြားလို၏။ ထိုအချက်များကြောင့် နတ်မင်းသားကိုးဟု ထင်မြင်ကြသော်လည်း ကျိုးယွီက ဆစ်ကျီ နတ်မင်းကဲ့သို့ပင် ဝိညာဉ်ခြောက်ပါးနှင့် မွေးဖွားထားသော စွမ်းအား မပြည့်ဝသည့် ကျိုးမျိုးနွယ် နတ်သာ ဖြစ်သည်။

“မတွေ့ခဲ့ဘူး ဒါပေမယ့် ကြယ်တာရာ ဒေသကနေ ဦးလေးယီမင်ကို မင်းသမီး တစ်ပါး ဆက်သမယ်လို့ ကြားတယ်”

ဆစ်ကျီ ဖြတ်ခနဲ ဒေါသထွက်ကာ မျက်နှာနီနေမည့် ရင်းအာကို ပြေးမြင်လိုက်မိသည်။ ထိုပြသနာက သေချာပေါက် သူ့ထံ ရောက်လာအုံးမည် ဆိုတာကို သိနှင့်လိုက်၏။ လွန်ခဲ့သော နှစ်သန်းများစွာ ကတည်းက မိဖုရားတစ်ပါးတည်း ရှိသော အိမ်ရှေ့မင်းသားကို ညွှန်ပြပါ ဆိုလျှင် ယီမင်အား ပြသရမည် ထင်သည်။ လက်ရှိမင်းကြီး တလီချင်းယွင်က အသက်ငယ်ငယ်နှင့် ကောင်းကင် ထီးနန်းကို ပိုင်ဆိုင်ခဲ့သူမို့ မပြောလိုပေ။

သို့သော် တလီချင်းယွင်ပင်လျှင် မြတ်နိုးလွန်းလှသော နတ်မိဖုရား ဖူချန့်ကို ဘေးမှာထားပြီး တခြားသော နတ်မင်းသမီးတွေကို လက်ခံရသည်သာ၊ မတူညီသည်က ရင်းအာသည်က အင်အားနည်းပါးလှသည့် နတ်သမီးငယ်လေး မဟုတ်လေရာ၊ ရင်းအာက ထိုသို့ ခွင့်မပြုပဲ ကောင်းကင် အကာကွယ် နန်းဆောင်အတွင်းသို့ မိန်းကလေး ဆိုပါက နတ်အစေခံပင် ခြေတစ်လှမ်းချခွင့် မပြုခဲ့တာ နှစ်တစ်သိန်းပင် ကျော်လေပြီ။ ကျိုးယွီကပင် ဆက်၍

“ကျွန်တော့် အထင် အဲ့ဒီ မင်းသမီး ဦးလေးယီမင်နဲ့ မတွေ့ခင် နတ်ပြည် မီးလောင်တော့မှာ မဟုတ်လား”

“ဟုတ်တယ် နတ်ပြည် မီးလောင်သွားနိုင်တယ် အရင်ဆုံး အဲ့မင်းသမီးကို ယီမင်ဆီ မရောက်အောင် လုပ်ဖို့ မင်းတာဝန် ယူလိုက်တော့”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now