အခန်း ၂၇

278 42 1
                                    

အခန်း (၂၇)

ရှောင်ညောင်ကတော့ နှစ်ဦးလုံးကို လှည့်ပတ်ကြည့်နေရာမှ.. ဆစ်ကျီ နတ်မင်းအား.. လက်ညိုးထိုးလိုက်ပြီး ကျယ်လောင်၍ ဝမ်းသာအားရ ဖြစ်သွားသော လေသံဖြင့်.. အော်ဟစ် ပြောဆိုလိုက်လေသည်။

“မင်း ငါ့ရဲ့ သခင် မဟုတ်ဘူး!!..”

ဆစ်ကျီနတ်မင်း၏ အကြည့်တို့က ဟူအာထံမှ လွဲဖယ်သွားပြီလျှင်.. ပိုပြီး စူးရဲသော အကြည့်တို့က ရှောင်ညောင်ထံသို့ ကျရောက်သွားသည်။ ရှောင်ညောင်၏ ဝမ်းသာအားရ အသံလေး တိတ်ဆိတ်သွားကာ.. ဟူအာ၏ နောက်ကျောတွင် ကပ်တွယ်ကာ.. ဆစ်ကျီ နတ်မင်းအား ခိုးကြည့်သည်။ ဆစ်ကျီ နတ်မင်းက ဟူအာအား ကျောခိုင်းလိုက်ပြီးမှ..

“မင်းရဲ့ စိတ်စွမ်းအားက နတ်မင်းတစ်ပါးလိုပဲ ထက်မြက်တယ်.. နှမြောစရာ ကောင်းတာက မင်းက သာမာန် မြေပြင်နတ်ငယ်လေး ဖြစ်နေတာပဲ..”

ချီးကျုးစကားကို ရှုတ်ချခြင်းနှင့် အတူ ပြောဆိုနိုင်သော နတ်မင်းကို ဟူအာ မအံ့သြတော့ပါ။ ဒီနတ်မင်းက ဒီအတိုင်းပဲ ဆိုသည့် အတွေးပင် ဝင်သွားမိပြီ ဖြစ်သည်။ ဟူအာ လက်မခံနိုင်သော တစ်ခုကတော့ သူ့ထံမှ ရှောင်ညောင်ကို အကြောင်းမဲ့.. ဆိုင်းမဆင့် ဗုံမပါ ခေါ်ဆောင်သွားနိုင်သည့်နတ် ဆိုသော အကြောင်းရင်းကိုပင် ဖြစ်သည်။

“ညောင်အာ.. သူက မင်းရဲ့ သခင်ဆိုတာ သေချာလား..”

ဆစ်ကျီ နတ်မင်းက သူ့ထံသို့ မလှည့်လာပဲနှင့်.. အရှေ့သို့ လျှောက်သွားပြီးမှ..

“ဟွာမ်အာ.. မင်းကို မေးစရာတွေ ရှိတယ်.. လာခဲ့..”

အေးစိမ့်သော လေသံနှင့် ထပ်တူကျကာ.. ကြီးမားသော.. ရေခဲကဲ့သို့ အေးစိမ့်မှုက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွား၏။ ဒါက နတ်မင်းတစ်ပါး၏ အမိန့်နှင့် ထပ်တူကျသော အရှိန်အဝါ ဖြစ်သဖြင့် ဟူအာပင် နာခံမှုကို အလေးပေးထားရသည်။ ရှောင်ညောင်ကမူ.. ဆစ်ကျီ နတ်မင်း၏ အရှေ့သို့ ရောက်သွားပြီ ဖြစ်၏။

“နတ်မင်းရဲ့ အရှိန်အဝါက ရှောင်ညောင်ရဲ့ သခင်နဲ့ တူပေမယ့် ရှောင်ညောင် နားမလည်ဘူး.. သခင်က ဘာလို့ သခင်ကို မသိရတာလဲ..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now