part87

188 22 0
                                    

unicode
အခန်း ၈၇

“အရှင့်သား ပြင်ခိုင်းတဲ့ ပဏ္ဍာတွေကို ပြင်ဆင်ပြီးပါပြီ”

“ကောင်းပြီ ချင်းရန်နတ်မင်းကို ကြယ်တာရာဒေသကို သွားဖို့ အဆင်သင့် ဖြစ်ပြီလို့ ပြောလိုက်ပါ”

“ငါ လာပြီ..”

နန်းဆောင်မှ ထွက်လာသည်တွင် လုံဆစ်က ပြောပြလာသည်။

“လွန်ခဲ့တဲ့ နှစ်တစ်သိန်းအလွန်တုန်းက ကြယ်တာရာဒေသကို စီမံရတဲ့ နတ်သခင်မ ရှင်းယဲ့က ကြီးလေးတဲ့ အပြစ်ဒဏ်ကို ကျူးလွန်ခဲ့တယ်၊ အဲဒီကိစ္စကြောင့် ကြယ်တာရာဒေသက နတ်တွေက ကောင်းကင်ညီလာခံတောင်မှ တက်ခွင့် မရှိဘူး ဖြစ်ခဲ့ရတာ၊ ဒီနှစ်တွေမှာ သူတို့က ကောင်းကင်က ဂရုစိုက်အောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တယ်၊ ပြောရရင် ကြယ်တာရာဒေသကို ပထမဆုံး စပြီးတော့ တည်ထောင်ခဲ့တဲ့ ရှင်းမျိုးနွယ်ရဲ့ နောက်ဆုံး မျိုးဆက်ကိုတောင်မှ ကောင်းကင်ကို ပို့ပြီးတော့ အစေအပါးအဖြစ်နဲ့တောင်မှ ခစားစေခဲ့တယ်”

“နောက်တော့ရော..”

တစ်ပါးသူက ပြောပြနေလျှင် နားထောင်ပေးရမည်က ပုံမှန်သာ ဖြစ်သည်။ ထို့ကြောင့် ဟူအာ မေးခွန်းထောက်လိုက်မိသည်။

“နောက်တော့.. ကိစ္စက ပြောရရင်.. မင်းအမေနဲ့ အများကြီး သက်ဆိုင်တယ်၊ ကြယ်တာရာဒေသကို စီမံဖို့ရာ ဘယ်နတ်မင်းကမှ မဝံ့ရဲဘူး၊ ဘာလို့လဲ ဆိုတော့ ရှင်းယဲ့က ကျိုးရင်းနတ်ဘုရားမကို အပြစ်ကျူးလွန်ခဲ့တယ်၊ ကြယ်တာရာဒေသကို စည်ပင်အောင် ကြိုးစားတာက ကျိုးရင်းနတ်ဘုရားမကို မလေးစားရာ ရောက်ပြီးတော့ ထိပါးမိမှာကို စိုးရိမ်နေကြတယ်၊ ဒါကြောင့်မို့ ကြယ်တာရာဒေသရဲ့ စီမံအုပ်ချုပ်ခွင့်ကို ဘယ်နတ်မင်းကမှ မယူရဲကြဘူး၊ ဒါကြောင့် မင်း ရှိလာပြီလို့ ကြားတဲ့အခါ ကောင်းကင်မင်းကြီးက ကြယ်တာရာဒေသကို မင်းဆီကို မတုံ့ဆိုင်းဘဲနဲ့ လက်လွဲပေးခဲ့တာပဲ”

ဟူအာ ပြုံးလိုက်မိသည်။ ကောင်းကင်မင်းကြီးသည်က ကောင်းကင်နန်းတော်၏ အုပ်ချုပ်ခွင့်အာဏာရသော အရှင်သခင် ပီသလွန်းလှပေသည်။ ပါးနပ်လှသော ဉာဏ်ရည်ဉာဏ်သွေးနှင့် ပြည့်စုံပေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now