Part 161

83 8 0
                                    

အခန်း-၁၆၁

အကြီးအကဲက ကျိုးဟူ၏ ခန္ဓာကိုယ်ကို မထိရဲ မကိုင်ရဲဟန်ဖြင့် လက်လှမ်းလာသော်လည်း မထိလိုက်ပေ။ ကျိုးဟူကို အလွန်တရာ မြင့်မြတ်သော နတ်ဘုရားတစ်ပါးအား တွေ့မြင်လိုက်ရသည့်နှယ် မော့ကြည့်လာ၏။

"ကျွန်တော်တို့လို မျိုးရိုးနိမ့်ပြီးတော့ အရှိန်အဝါမဲ့တဲ့နတ်ငယ်လေးတွေအတွက် အရှင့်သားရဲ့ မြင့်မြတ်တဲ့ နတ်ခန္ဓာကိုယ်ကို သုံးပြီး ကာကွယ်ပေးတာက ကျွန်တော်တို့ လုံးဝကို မထင်မှတ်ထားပါဘူး။ ဒီကျေးဇူးကို ဘယ်လို ဆပ်သင့်တာလဲ ဆိုတာတောင်မှ မသိနိုင်တော့ဘူး။ အရှင့်သားက ကြီးကျယ်မြင့်မြတ်လွန်းပါတယ်။ တံခါးပိတ်ကျင့်ကြံတဲ့ဆီကနေ ထွက်လာပေးတဲ့အပြင် ကျွန်တော်တို့အတွက် အသက်ကိုပါ မငဲ့ဘဲ ဒီလိုမျိုး ကာကွယ်ပေးတယ်"

အကြီးအကဲ ရှင်းထုံက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေပြီး မျက်နှာအိုအိုက မျက်ရည်စများပင် ရစ်သိုင်းလာလေ၏။

တစ်ခုခုတော့ လွဲနေပြီ ထင်တယ်။ ကျိုးဟူ တွေးလိုက်မိသည်။ ထပ်မံ၍ ထိုအိုမင်းနေသော နတ်အိုကြီးကို ချော့မော့ရမည်ကို တွေးမိသွားပြီး ထိတ်လန့်သွား၏။ ရုတ်တရက် ငိုယိုတတ်သော နတ်များစွာ ရှိနေမည်ကိုပါ တွေးမိပြီးနောက် ထိုနေရာမှပင် ပြေးသွားချင်နေပြီ ဖြစ်လေသည်။

ထို့အပြင် ထိုအိုမင်းနေသော အကြီးအကဲနတ်ကြီး၏ စကားနှင့် လားလားမျှ မသက်ဆိုင်ဘဲ ထိုဖျက်ဆီးခြင်းနတ်အသက်ဓာတ်ကို မတော်တဆ စုပ်ယူမိခြင်း ဖြစ်ကာ အကယ်၍သာ ထိုသို့စုပ်ယူမိခြင်းကနေ ကျိုးဟူက ပေါက်ကွဲသွားနိုင်သည်ကို ကြိုတင်သိရှိခဲ့ပါက လုံးဝကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။

ယခုတော့ ထိုအနီးအနားမှ နတ်အများက ကျိုးဟူကို အရည်ရွှမ်းလဲ့နေသော စပျစ်သီးလုံးများ ကဲ့သို့သော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြလေတော့သည်။

ထိုသူတို့က ကျိုးဟူက မထင်မှတ်ထားဘဲ ပြုလုပ်လိုက်မိသည်ကို မသိဘဲ ကျေးဇူးတင်နေကြကာ ထိုအကြီးအကဲနတ်ကြီး၏ ပြောဆိုနေသော စကားများကို ကျိုးဟူ အလွန်အမင်း အားတုံ့အားနာ ဖြစ်ရပေသည်။ ကျိုးဟူက ထိုနတ်များ၏ ကျေးဇူးတင်နေမှုများကို ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ချင်းရန်နတ်မင်းက ကျိုးဟူ၏ ခြေထောက်အား တက်နင်းလာပြီးနောက် လျင်မြန်စွာပင် ပြောလိုက်၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now