Part 149

151 11 4
                                    

အခန်း-၁၄၉

ဟူအာ ယောင်နန ဖြစ်နေရာမှ ရင်ဘတ်အတွင်းမှ ပုလင်းငယ်နှစ်ခုကို အပေါ်ဝတ်မှ ဆုပ်ကိုင်ပြီး ဆော့ကစားနေမိသည်။ သို့သော် သူ့မိခင်က သူ့လက်များကို အကဲခတ်ခြင်းအား မရိပ်မိလိုက်ပေ။

မကြာမီတွင် သူ့ရင်ဘတ်အတွင်း ထည့်သိမ်းထားသော သွေးတစ်ပုလင်းနှင့် ထိုကောင်းကင်သန္ဓေသား နတ်သက်ကယ်ရေခဲအမှုန်အစ ပုလင်းက လေထဲသို့ ပျံတက်သွားပြီး ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည်။

ဟူအာ ထိတ်လန့်သွားမိ၏။ နတ်ဘုရားမတစ်ပါးနှင့် သာမန်နတ်တစ်ပါး၏ အဆင့်အတန်း ကွာခြားခြင်းကို လက်တွေ့ တွေ့မြင်လိုက်ရသလို ခံစားလိုက်ရသည်။

လက်ရှိတွင် သူ့မယ်တော်၏ လက်အတွင်း ပုလင်းငယ်နှစ်ခုက ရောက်ရှိသွားပြီ ဖြစ်သည်။ သိမ်းဖွက်ထားသော အရာနှစ်ခုကို အသာအယာ ဆင့်ခေါ်နိုင်သော စွမ်းရည်မျိုးက အံ့မခန်းပင်။ အထူးသဖြင့် တစ်ဖက်လူက မငြင်းနိုင်သော အနေအထားမျိုးဖြင့် ရပ်ကျန်နေခဲ့သည်ကပင် စွမ်းအား ကွာဟမှုက ကြီးကျယ်ခမ်းနားလေမှန်း သိနားလည်ခွင့် ရနိုင်သည်။

သူမက ပုလင်းအတွင်းမှ နတ်သက်ကယ်ရေခဲအမှုန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် လက်ချောင်းများက တုန်ယင်လာ၏။ ပြီးနောက် မေးမြန်းလာသည်။

"မင်း ဒါကို ဘယ်ကနေ ရခဲ့တာလဲ"

"ဒါကို စိမ်းလဲ့ကန်သာယာက ဈေးထဲမှာ ရလာတာပါ"

"သူတို့က ငါ့ပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီးတော့ ဈေးထဲမှာတောင်မှ ရောင်းချရဲတာလား"

သူမက သလွန်ပေါ်မှ ထရပ်လိုက်ပြီးနောက် ဒေါသတကြီး ပြောကြားသည်။ ဟူအာ၏ အဖြေက မှားယွင်းသွားမှန်း သိသာလှသည်။

ကောင်းကင်ဧကရီက အနောက်မှ လိုက်ပါ ထရပ်လိုက်ပြီးနောက် သူမလက်မောင်းကို အသာအယာဖွဖွလေး ပွတ်သပ်ပေးရင်း ပြောသည်။

"ဒေါ်လေး စိတ်လျော့ပါ ဒီကိစ္စကို ကျွန်မက စုံစမ်းခိုင်းလိုက်မယ်။ ဒေါ်လေးက အခုချိန်မှာ စိတ်မဆိုးသင့်ဘူး၊ စိတ်လျော့ပါ စိတ်လျော့ပါ"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now