Part 162

81 10 0
                                    

အခန်း-၁၆၂

ချင်းရန်နတ်မင်းက အတန်ငယ် အကြပ်တွေ့ဟန်ဖြင့် ပြောလာသည်။

"မင်းရဲ့ ရွေးချယ်မှုက ဘယ်တစ်ခုမဆို ငါတို့က မင်းရဲ့အကြီးတွေအနေနဲ့ လေးစားပေးမှာပါ။ အကန့်အသတ်တစ်ခုအထိ မကျော်လွန်လာဘူး ဆိုရင်လည်း ငါတို့က လက်ခံပေးနိုင်ဖို့ ကြိုးစားမှာပါပဲ။ မင်းက အငယ်ဆုံးလေး မဟုတ်ရင်တောင်မှ အိမ်ရှေ့မင်းသားရဲ့ တစ်ဦးတည်းသော သားဖြစ်နေတုန်းပါပဲ"

ကျိုးဟူက ထိုမျှ လိပ်ပတ်မလည်သော စကားများကို နားမလည်နိုင်ပေ။ ထိုစကားများအရ ချင်းရန်နတ်မင်းက သူ့အစား ဖြေရှင်းပေးမည် မဟုတ်ကြောင်းကိုသာ သိနားလည်လိုက်ပေ၏။

အနည်းဆုံးတော့ ပိုင်ဒေသသို့ တစ်ကြမ်မျှ သွားလည်ခြင်းက ကျိုးဟူကို ဘာမျှပြောင်းလဲသွားစေမည် မဟုတ်ဟုလည်း ကျိုးဟူက ယုံကြည်မိသည်။ ထို့ကြောင့် ပေါ့ပါးစွာ ပြောလိုက်၏။

"ကောင်းပြီလေ ခဏလောက်တော့ သွားကြည့်တာပေါ့ ကျန်တာ ပိုင်ဒေသမှာ ပြောကြမယ်လေ"

ကျိုးဟူက တက်ကြွစွာဖြင့် ကြယ်တာရာဒေသမှ အရာများကို ထားရစ်ခဲ့ကာ ပျောက်ကွယ်သွားတော့၏။ ချင်းရန်နတ်မင်းက ထိုကလေးထွက်သွားသည်ကို ပို၍ပင် စိတ်ကျေနပ်သေးသည်။ မဟုတ်ပါက ထိုကလေးက တစ်ခုခုကို ပြောထွက်လိုက်မည်ကို ချွေးထွက်လုမတတ် ထိတ်လန့်နေခဲ့ရသည်။

အကယ်၍ ချင်းရန်နတ်မင်းသာ ထိတ်လန့်ခြင်းကြောင့် ချွေးထွက်လာခဲ့ပါက နတ်အများကြားတွင် ဂုဏ်သရေကို မထိန်းနိုင်သဖြင့် ရယ်မောဖွယ်ရာ ဖြစ်ပေလိမ့်မည်။

"ဒါဆို အစ်ကိုချင်းရန် ဒီနေရာက ကိစ္စကို မင်းကိုပဲ လွဲပေးလိုက်ပြီ ငါလည်း ပိုင်ဒေသကို လိုက်သွားလိုက်အုံးမယ်။ အရင်နေ့တွေတုန်းက ချင်းလီက သူ့မြေးက သူ့ကို ဂါဝရပြုဖို့ မလာလို့ စိတ်ဆိုးနေတယ်။ ငါ သူ့ကို နည်းနည်းလောက် ဆုံးမလိုက်အုံးမယ်။ သူက ဘယ်လို ဖြစ်ပြီးတော့ အဘွားအရင်းကို လာပြီးတော့ မတွေ့နိုင်ရတာလဲ။ ကောင်းကင်တော်ဝင်မျိုးဆက်မှာ မယဉ်ကျေးဆုံးပဲ မယဉ်ကျေးဆုံး.."

ချင်းဆစ်နတ်မင်းက ကျိုးဟူကို အတန်ငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် ရေရွတ်ရင်း ပိုင်ဒေသသို့ သွားရာလမ်းသို့ ဦးတည်လိုက်လေ၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီDove le storie prendono vita. Scoprilo ora