part 147

322 26 1
                                    

unicode
အခန်း-၁၄၇

ထိုအခိုက်တွင် ဟူအာ ပထမဆုံးတွေးမိသည်က သူ့ခမည်းတော် သူ့ကို ပထမဆုံး ပြောခဲ့သည့်စကားကို ဖြစ်သည်။ ထိုစဉ်က သူ့ခမည်းတော်က သူ့ကို သူ့အမေကို ကူညီနိုင်မလားဟု မေးခဲ့ဖူးသည်။ ထိုစဉ်တုန်းက သူ ငြင်းဆန်ခဲ့သည်ပင်။

ယခုအချိန်တွင် အိမ်ရှေ့မင်းသား၏ စိုးရိမ်ပူပန်မှုနှင့် ပေါင်းစပ်မိသောအခါတွင် ကျိုးရင်းနတ်ဘုရားမ၏ အားနည်းနေမှုက အမှန်ပင် ဖြစ်လောက်လေသည်။ ထိုမျှသာမက ကျိုးရင်းနတ်ဘုရားမ အားနည်းသွားသည့် အကြောင်းအရင်းကို တခြားနတ်ဒေသများ မသိအောင် ဖုံးဖိထားရန် လိုအပ်နေသေးသည်။

အကြောင်းမှာ ကျိုးရင်းနတ်ဘုရားမက ကောင်းကင်နန်းတော်၏ ငြိမ်းချမ်းရေတွင် တစ်စိတ်တစ်ဒေသ ပါဝင်နေသောကြောင့် ဖြစ်၏။

ထိုသို့ တွေးမိသည်နှင့် ဟူအာ ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်ကာ ပြောလိုက်သည်။

“ငါ့အမေဆီကို သွားလိုက်အုံးမယ်”

ဟူအာ မိုးကြိုးနီနန်းဆောင်မှ ကောင်းကင်အကာအကွယ်နန်းဆောင်သို့ သွားလိုက်သည်။ ကောင်းကင်နဂါးတစ်ကောင်က ဟူအာအနီးတွင် ပေါ်လာပြီးနောက် မေး၏။

“အရှင့်သား ဒီကို လာတာက ဘာလိုချင်လို့ပါလဲ”

“ကျွန်တော့်အမေကို လာတွေ့တာပါ”

“အို.. နန်းဆောင်သခင်မ ရှိပါတယ်။ အနောက်ဘက်ကြာကန်ထဲမှာ အိပ်နေတာလား မပြောတတ်ဘူး”

“ရေကန်ထဲမှာ အိပ်နေတာ..”

ဟူအာ ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။ သူ့အမေ ကျိုးရင်းနတ်ဘုရားမက ထူးဆန်းပြီး ခန့်မှန်းရခက်မှန်း သိသော်လည်း ရေစိုစိုဖြင့် အိပ်စက်သည်က ဟူအာ လက်ခံနိုင်သည်ထက်ကို ကျော်လွန်သွားပြီဖြစ်သည်။ ထို့ကြောင့် သံယောင်လိုက် ရေရွတ်လိုက်မိသည်။

“အာ.. အနောက်မှာ ကြာကန်တစ်ခု ရှိတယ်လေ။ နန်းဆောင်သခင်မက ဆစ်ကျီနတ်မင်းရဲ့ ကြာနီရွက်တွေကို သဘောကျတတ်တော့ အိမ်ရှေ့မင်းသားက နန်းဆောင်သခင်မအတွက် စိုက်ပျိုးထားပေးတာပါ။ အဲဒီနေရာက နေရောင်အချိုးကျပြီးတော့ နေလို့ကောင်းအောင် စီမံထားတော့ နန်းဆောင်သခင်မက အဲမှာ နေလေ့ ရှိပါတယ်”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now