Part 166

59 10 1
                                    

အခန်း-၁၆၆

လက်ရှိတွင် အိမ်ရှေ့မင်းသားက သူ၏ အိမ်တွင်းရေးကို အိတ်သွန်ဖာမှောက် ပြောပြနေခြင်းက ဖြစ်နိုင်သည်မှာ ကောင်းကင်ညီလာခံ၌ သူ၏သားတော်ကို ဖိအားပေး အပြစ်ဒဏ်ချသည့်အချိန်သို့ ရောက်လာပါက သူ၏ ဦးရီးတော်များမှ ထွက်ပေါက်ရှာပေးရန်သာ ဖြစ်နိုင်ပေသည်။

ချင်းရန်နတ်မင်းက သက်ပြင်းသဲ့သဲ့ချလိုက်၏။ သို့သော် ငြင်းဆိုခြင်းမပြုသလို လက်ခံခြင်းလည်း မရှိပေ။ ထိုအစား မေးခွန်းတစ်ခုသာ ထွက်လာလေ၏။

"ဒါဆို မင်းဆိုလိုတာက သူတို့က နှစ်ယောက်ဖြစ်နေပြီးတော့ သူတို့နှစ်ယောက်တည်းက တစ်ယောက်ကတော့ ကောင်းကင်ကို ဖြိုချပစ်နိုင်တယ် ဆိုတာ တကယ်ပဲပေါ့ ဟုတ်လား"

ချင်းဆစ်နတ်မင်းက ထိုစကားကို ခနဲ့လိုက်၏။

"မင်းပြောကြည့်လေ.."

"ငါ့စိတ်ထင်တော့ သေချာလောက်ပါတယ် ဒါမှမဟုတ် ကံကြမ္မာမှတ်တိုင်တောင်မှာ အဖြေရှာကြည့်ကြမလား"

အိမ်ရှေ့မင်းသားက ထိုစကားကို ခေါင်းယမ်းလိုက်၏။

"ဆစ်ကျီနတ်မင်းက သူ့အမှတ်အသားကို ဖြိုချလိုက်ပြီ"

"ဒီမျက်နှာအေးနတ်အိုကတော့.."

အိမ်ရှေ့မင်းသားက သူ့ဦးရီးတော်နှစ်ယောက်ကို ငဲ့ကြည့်လိုက်ပြီးမှ၊

"သူ သေချာပေါက် အပြင်ကို မထွက်လာနိုင်ဘူး။ သူ ထွက်ပေါက်ရှာနေတဲ့ ကြွက်လေးလိုမျိုး ဟိုပြေးဒီပြေး လုပ်နေတာ.. တော်သေးတာက သူက အကာအရံကို ဖြိုချပစ်လိုက်ဖို့ကို မတွေးထားဘူး။ မဟုတ်ရင် နတ်(၈၁)ပါးရော အတွင်းထဲက မြေနတ်တွေပါ ဒုက္ခရောက်လိမ့်မယ်.. ကျွန်တော်တစ်ချက် သွားကြည့်လိုက်အုံးမယ်"

အိမ်ရှေ့မင်းသား ဆင်းသွားတော့ ချင်းရန်နတ်မင်းက သက်ပြင်းချသည်။

"ကျန်းဖေးယွင်စစ်သူကြီးက ကောင်းကင်ညီလာခံမှာ ပိုင်ဒေသကို စောင့်ကြပ်တဲ့ကိစ္စကို ကြွားဝါပြီးရင် ပြန်လာမှာပဲ ဒီနေ့က ညီလာခံနေ့ ဆိုတော့ မနက်ဖြန်လောက် ရောက်ဖို့များတယ်။ ငါတို့ တတ်နိုင်တာက တစ်ရက် နှစ်ရက်လောက် အချိန်ဆွဲဖို့ပဲများလား"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now