part 86

211 26 1
                                    

unicode
အခန်း ၈၆

ဆိုရလျှင် ထိုသို့သော ကောင်းကင်နဂါးကို အစေခံအဖြစ် ရရှိခြင်းက နတ်စွမ်းအားမြင့်သော နတ်အစေခံကို ရှာရန် မလိုအပ်တော့ပေ။ လုံလောက်ပြီဟု ဆိုနိုင်ပေသည်။

“ဒါဆို.. ကျွင်းကျီနဲ့ မိန်ယဲ့.. မင်းတို့ နှစ်ယောက် မင်းသားငယ်ဆီမှာ တာဝန်ထမ်းဖို့ ဆန္ဒရှိရဲ့လား”

နတ်သားငယ်တစ်ပါးနှင့် နတ်သမီးငယ်တစ်ပါးက အရှေ့သို့ တိုးလာပြီးနောက် ပြိုင်တူ ပြောလာ၏။

“ဆန္ဒရှိပါတယ်”

ယိခွမ့်က ဟူအာဘက်ကို လှည့်လာပြီး ပြောသည်။

“အရှင့်သား ကျွင်းကျီက ချီရှန့်တောင်မှာ ကျင့်ကြံပြီးတော့ ကောင်းကင်နတ်ဖြစ်လာတာပါ၊ မိန်ယဲ့က ထုံလုတောင်ကပါ၊ သူတို့တွေက ပင်ကိုပါရမီနဲ့ ကျင့်ကြံပြီးတော့ နတ်အဆင့်ကို တက်လာခဲ့တာပါ”

ပင်ကိုပါရမီဟု ဆိုခြင်းမှာ လေ့ကျင့်ရေးကျောင်းတော်များမှ လာခြင်းမဟုတ်ဟု ဆိုခြင်း ဖြစ်သည်။ ဆိုရလျှင် ကောင်းကင်နန်းတော်မှ အသိအမှတ်ပြုထားသည့် ကျောင်းတော်များမှ လာခဲ့ခြင်း မဟုတ်ဟု ဆိုခြင်း ဖြစ်သည်။

အမတဘုံတွင် များစွာသော ကျောင်းတော်များ နတ်ဖြစ်ကျင့်ကြံခြင်း အဖွဲ့များ ရှိသည့်တိုင်း ကောင်းကင်နန်းတော်မှ အသိအမှတ်ပြုထားခြင်း မရှိပေ။ ထိုသူတို့က သူတို့ကိုယ်သူတို့ မသေမျိုးများဟု သတ်မှတ်သည့်တိုင် ကောင်းကင်နန်းတော်မှ ထိုသူတို့ကို သေမျိုးများဟုသာ သတ်မှတ်ထားသည်။

အနည်းငယ် တောက်ပစွာ ပြုံးနေသော ထိုနတ်သမီးငယ်ကို ကြည့်လိုက်ပြီးနောက် ဟူအာ အတွေးတချို့ ဖြစ်ပေါ်လာသည်။ ထိုနတ်သမီးငယ်၏ အပြုံးက သေသပ်လှပပြီး ညှို့ငင်နိုင်လွန်းသည်။ ဟူအာက လူမှုကိစ္စများ ရှုပ်ထွေးမှုတို့ကို သူ၏ နန်းဆောင်၌ မဖြစ်ပေါ်လာစေချင်ပေ။

ဆိုရလျှင် ယခုအထိ သူမကို ဟူအာက လက်ခံခြင်း မရှိသော်လည်း သူမ၏ မျက်ဝန်းများက ဟူအာကို လေးစားမှုတို့ ရှိမနေသည့်အပြင် သခင်နှင့် အစေခံဟူသည့် စည်းကိုပင် ကျော်လွန်နေပြီး ဟူအာကို မတည်မကြည်သော အပြုံးဖြင့်ပင် ပြုံးပြနေနိုင်၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now