အခန်း ၂၆

257 37 6
                                    

အခန်း (၂၆)

ရှင်းရောင်းက သူမ၏ ပုလဲရောင် မျက်ဝန်းတွေကို လှန်ကြည့်ပြီး.. ခပ်အေးအေး ပြောလိုက်၏။

“ကျိုးရင်း နတ်ဘုရားမက နတ်မင်းကို ပြောဆိုလို့ ရမှာ မဟုတ်ဘူး.. ကျိုးရင်းနတ်ဘုရားမကို နတ်မင်းက ကလေးလေးလို သဘောထားတာ.. မဟုတ်လား.. သူမ ပြောတာက ဘယ်လို အရာဝင်မလဲ..”

“မင်း ဘယ်လို လုပ်ပြီး ဒေါ်လေးကို ကလေးလို သဘောထားတယ် ဆိုတာကို ထုတ်ပြောရဲတာလဲ.. ဒေါ်လေး အဲဒါကို ကြိုက်မှာ မဟုတ်ဘူး..”

ရှင်းရောင်းက မကြောက်မရွံ့ပဲ ထပ်ပြော၏။

“သူမက တကယ့်ကလေးပါပဲ.. သလင်းနန်းဆောင်ကို လာရင် မင်းနဲ့တောင် ဆော့ကစားသေးတာပဲ မဟုတ်လား..”

ကျိုးယွီ ဘာမှဆက်မပြောတော့ပဲ တိတ်ဆိတ်စွာသာ နေမိတော့သည်။ ရှင်းရောင်းနှင့် နေတာ တစ်နှစ်ကျော်အတွင်းမှာ သူလည်း တော်တော်ကို သိနေပြီ မဟုတ်လား။ ရှင်းရောင်းသည် ရိုကျိုးသော ဟန်ပန်အပြည့် ရှိသော်လည်း တည်ငြိမ်သော နတ်သမီး ဖြစ်သည့်အပြင်.. ထိုးထွင်းသိမြင်မှုကတော့ မိစ္ဆာမျိုးနွယ် ပီသနိုင်လွန်းသည်။

“ဒေါ်လေးကို မင်း ဒီလို ဝေဖန်ရဲတာ.. တကယ် သတ္တိရှိတာပဲ..”

ရှင်းရောင်းက ဖြဖြလေး ပြုံးလိုက်ပြီးမှ.. ကျိုးယွီအား..

“တကယ်တမ်း သူမက ချစ်စရာ ကောင်းတာပါ.. ဘယ်သူမှ မပိုင်နိုင်တဲ့ ဘဝကို ရထားပေမယ့် သူများတွေအပေါ်မှာ လိုက်ပြီးတော့ ပူပန်တာမျိုး.. ဒါမှမဟုတ်.. မနာလိုတာမျိုးတွေ မရှိဘူးလေ..”

“ဒေါ်လေးက ဘယ်သူ့ကို မနာလိုရအုံးမှာလဲ.. ဦးလေးယီမင်က သူ့ကို မြတ်နိုးလွန်းလို့.. ထားစရာနေရာတောင် မရှိဘူး.. ပြီးတော့ ဆရာဆိုရင်လည်း ဒေါ်လေးသာ ပျော်မယ်ဆို အကုန် ဘာလုပ်လုပ်.. သူတောင် နတ်ဆိုး ဖြစ်လိုက်အုံးမယ်..”

“မင်းရဲ့ ဆရာက အသိဉာဏ်မရှိတဲ့နတ်မို့လား.. ကျိုးရင်း နတ်ဘုရားမကို အလိုလိုက်ရင်တောင် နတ်မင်းမှာ အကန့်အသတ် ရှိပါတယ်.. သူ့ကိုယ်သူ နတ်ဆိုးတော့ အဖြစ်မခံပါဘူး..”

ပြောပြီး လှည့်ထွက်သွားတော့.. ကျိုးယွီ ပါးစပ်အဟောင်းသားနှင့် ရပ်လျက် ကျန်နေခဲ့ရသည်။ ရှင်းရောင်း ဘယ်အပိုင်းကို စိတ်ဆိုးသွားတာလဲ..၊ တကယ်လည်း ဆရာက ဒေါ်လေးကိုဆို မတရား အရေးပေးတာပဲဟာ..၊

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now