Part 141

222 16 0
                                    

unicode

အခန်း-၁၄၁

ကျန်းမင်ရှီနတ်မင်းက ထိုစကားကိုပင် ထပ်မံ၍ အတည်ပြု ပြောကြားလိုက်သည်။

“ငါတို့ တခြားနတ်တွေကို ဘေးကင်းအောင် ထားကြတာပေါ့။ မင်း ငါ့နန်းဆောင်ထဲက ပန်းပွင့်လေးကိုပဲ ခူးကြည့်ပါ။ အပင်တွေကို အတတ်နိုင်ဆုံး မနှုတ်မိအောင် ကြိုးစားပေးပါ။ ငါ့နှလုံးသွေးတွေ..”

ကျန်းမင်ရှီနတ်မင်းက လေ့ကျင့်ပါဟု ပြောသော်လည်း ဟူအာ လေ့ကျင့်နေသည်ကိုတော့ မကြည့်တော့ပေ။ နတ်စွမ်းအား တစ်စ လွှင့်ပျံသွားတိုင်း ကျန်းမင်ရှီနတ်မင်းက စားပွဲပေါ်တွင် သူ့လက်သီးကို တင်းတင်းဆုပ်ထားရှာသည်။

“ငါ့အပင်လေးတွေ..”

“ဖေရာ..”

သစ်ပင်ကို လွှင့်စင်သွားအောင် ပြုလုပ်ခြင်း မရှိတော့သော်လည်း သစ်ပင်မှာ အပွင့်များသာမက အရွက်များပါ မရှိတော့အောင် သစ်ပင်ကတုံး ဖြစ်သွားခြင်း ဖြစ်သည်။ သူ၏ဆရာက သစ်ပင်၏ ပုံစံကို တစ်ချက်မျှ ဖျပ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ပြောသည်။

“ဆက်လုပ်ပါ၊ ဆက်လုပ်ပါ၊ အဆင်ပြေပါတယ်။ ငါ အဆင်ပြေတယ်လို့ မမှတ်လို့လည်း မရပါဘူး”

ဟူအာ ခေါင်းညိတ်လိုက်ပြီးမှ ဆက်၍ လေ့ကျင့်နေလိုက်သည်။

လေ့ကျင့်ခြင်းက အမှန်ပင် သဘောပေါက်ခြင်းကို ယူဆောင်လာစေနိုင်သည်။ တစ်နေ့တာမျှ လေ့ကျင့်ပြီးနောက် ဟူအာ သိနားလည်သွားသည်က လက်ရှိ ဟူအာ၏ နတ်စွမ်းအားကို မန္တန်ဖြင့် ပေါင်းစပ် အသုံးပြုရန်မှာ နည်းပါးလှသော နတ်စွမ်းအားကိုသာ လိုအပ်သည်။

သို့သော် ယခုအထိတော့ အသုံးပြုသည့် ပမာဏမှာ မမှန်ကန်သေးပေ။ တစ်ခါတလေ မှန်ကန်စွာဖြင့် ပန်းပွင့် အနည်းငယ်ကို ခူးဆွတ်နိုင်သော်လည်း အကြိမ်တိုင်းမှာ နတ်စွမ်းအား ပမာဏ မှားယွင်းစွာ အသုံးပြုမှုကြောင့် အပင်များကို ဖျက်ဆီးမိသည်က များနေသည်။

“ဒီနေ့တော့ ဒီလောက်ပဲပေါ့၊ မနက်ဖြန်မှ ထပ်ပြီးတော့ လေ့ကျင့်ကြတာပေါ့”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီحيث تعيش القصص. اكتشف الآن