part75

196 28 0
                                    

unicode
အခန်း (၇၅)

ထိုမန္တာန်အလင်းလုံးလေးက ကျိုးဟူအား ထိမိသည်တွင် ကျိုးဟူက ထိုနေရာတွင် ဆန့်ဆန့်ကြီး ရပ်တန့်သွားပြီးနောက် လှုပ်ရှား၍ မရတော့သလို၊ အော်ဟစ်နေသော အသံများကလည်း တိတ်ဆိတ်သွားရလေသည်။ ကျိုးဟူ တိတ်ဆိတ်သွားတာကို ချီးရှီနတ်မင်းက လှမ်းကြည့်ကာ ပြုံးလိုက်ပြီးနောက် ခပ်တိုးတိုး ဆိုလာသည်။

“သူများ တကာ စာဖတ်တဲ့အချိန်မှာ ဆူညံသံကို မပြုလုပ်သင့်ဘူး ဆိုတာ မင်းကို ဘယ်သူမှ မသင်ပြထားဘူးလား၊ အရိုအသေကို မရှိဘူး”

ကျိုးဟူ ရုန်းကန်အော်ဟစ်လိုပါသော်လည်း ရုန်းကန်နိုင်ဖို့ မပြောပါနှင့် လက်တစ်ချောင်းပင် မလှုပ်နိုင်သလို ညည်းညူသံသဲ့သဲ့လေးပင် မထွက်လာနိုင်တော့ပဲ ပင်ပန်းမှုကြောင် ခန္ဓာကိုယ်က ချွေးပေါက်အနည်းငယ်ပင် ထွက်လာပါလေတော့သည်။

ချီးရှီနတ်မင်းကတော့ ထိုနေရာတွင် မြဲမြံစွာ ရပ်နေပြီးနောက် ငြိမ်သက်စွာဖြင့် စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေလေသည်။ ချီးရှီနတ်မင်းက အမှောင်ခန်းအတွင်းမှ စာအုပ်ငယ်လေးကို အင်္ကျီအတွင်းသို့ ထိုးတည့်လိုက်ပြီးမှ ကျိုးဟူအနီးသို့ ညင်သာသော ခြေလှမ်းတို့ဖြင့် လှမ်းလာခဲ့ကာ၊

“မင်း လူကြီးကို မရိုမသေလုပ်အုံးမှာလား”

ထိုအမေးစကားတွင် ကျိုးဟူက ချီးရှီနတ်မင်း၏ မန္တာန်မှ ရုန်းကန်ရင်း လွတ်ထွက်သွားပြီးနောက် ဒေါသတကြီး ခုန်ထလာကာ၊

“လုပ်အုံးမှာ လူကြီးကပဲ မှန်တာလား၊ လူငယ်ကလည်း မှန်တာ မရှိဘူးလား”

“ရှိတယ်၊ မင်းတော့ မဟုတ်ဘူး”

@@@@@

“လုပ်အုံးမှာ လူကြီးကပဲ မှန်တာလား၊ လူငယ်ကလည်း မှန်တာ မရှိဘူးလား”

“ရှိတယ်၊ မင်းတော့ မဟုတ်ဘူး”

ချီးရှီနတ်မင်းက စာအုပ်လိပ်လေးကို လက်ဖြင့် ဝှေ့ယမ်းကာ သိမ်းလိုက်ပြီးနောက် ကျိုးဟူက အနားကို ရောက်လာတာကို လက်ညိုးဖြင့် နဖူးကို ထိုးလိုက်ပြီး အနောက်သို့ ဆုတ်စေသည်။ သူ့လက်ညိုးလေးနဲ့သူ လေဖြင့် မှုတ်လိုက်ပြီးမှ၊

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now