part 117

196 24 0
                                    

unicode

အခန်း-၁၁၇

အနည်းငယ်မျှသော နတ်အသက်ဓာတ်များကို နတ်ခန္ဓာကိုယ်အား လှည့်ပတ်စေရုံမျှဖြင့် ဟူအာ တစ်ညတာ အသုံးပြုထားသော သဘာဝလွန်နတ်စွမ်းအားက ပြန်လည် ဖြည့်တင်းပြီးသား ဖြစ်သွားသည်။

ဟူအာက ကျိုးမျိုးနွယ်များ၏ အသက်ဓာတ်ဖြင့် မွေးဖွားလာခြင်း ဖြစ်သော်လည်း ကောင်းကင်အလင်းတန်း၏ ကာဆီးထားမှုကြောင့် အယောင်ဆောင် နတ်မြေခွေးအသက်ဓာတ်ကိုသာ အသုံးပြုခဲ့ရသည်။ ငယ်စဉ်ကတည်းက အသုံးပြုခဲ့ရခြင်း မဟုတ်သောကြောင့် အနည်းငယ် အသားမကျသေးသလို ဖြစ်နေမိသည်။

ကျိုးမျိုးနွယ်၏ အသက်ဓာတ်သည် မြေနတ်ဒေသမှ နတ်မြေခွေးများ၏ စွမ်းအားများဖြင့် များစွာ ခြားနားလှသည်။ အကယ်၍ ဟူအာသာ နတ်မြေခွေးအဖြစ် နေထိုင်စဉ်က ယမန်နေ့ညကဲ့သို့ နတ်စွမ်းအားကို အလွန်အကျွံအသုံးပြုလိုက်လျှင် ပြန်လည်ဖြည့်တင်းရန် နတ်မြေခွေးတို့၏ ကိုယ်ပိုင် အသက်ဓာတ်ကို အကြိမ်ပေါင်းများစွာ လှည့်ပတ်စီးဆင်းစေရန် လိုအပ်မည် ဖြစ်ပြီး ထိုအတွက် ညပေါင်းများစွာ လိုအပ်မည်လည်း ဖြစ်ပေသည်။

အချိန်အနည်းငယ်မျှ အသုံးပြု၍ ကုန်ဆုံးသွားသော နတ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပြီးသည်နှင့် ဟူအာ ထိုင်နေရာမှ ထလိုက်မိသည်။ ကျိုးနတ်မျိုးနွယ်များက တခြားသော နတ်များ၏ အသက်ဓာတ်နှင့် အမှန်ပင် မတူညီပေ။ ပြန်လည်ဖြည့်တင်းရန် လွယ်ကူလှ၏။

သို့သော် ကျိုးနတ်မျိုးနွယ်၏ အသက်ဓာတ်က ဟူအာနှင့် အသားမကျသေးသလို အကျွမ်းတဝင်လည်း မရှိနေသေးပေ။ ဟူအာက ကျိုးမျိုးနွယ်များ၏ အကြောင်းကို လေ့လာရန် ပို၍ လိုအပ်နေပြီမှန်း နားလည်လိုက်လေသည်။

ဟူအာ နေရောင်၏ အလင်းပြပြအောက်၌ ဝင်းလက်နေသော ရေခဲရုပ်ထုများကို ကြည့်လိုက်ပြီး တာဝန်ပြီးဆုံးသွားသည့်အတွက် ကျေနပ်စွာ ပြုံးလိုက်မိသည်။ ဟူအာ ရင်ဘတ်ထဲသို့ ထည့်သိမ်းလိုက်သော နတ်သက်ကယ်ရေခဲ၏ ဖန်ပုလင်းငယ်ကို ထုတ်ယူလိုက်သည်။

ထိုဖန်ပုလင်းငယ်အတွင်းမှ နတ်သက်ကယ်ရေခဲအမှုန်အစများက သူ၏ နတ်ဝိညာဉ်ဘဝတုန်းက ဖြစ်စဉ်များကို ထိန်းသိမ်းထားနိုင်သည်ဟု ဆိုထားသည်။ သူ၏ နတ်သန္ဓေသားဘဝတုန်းက ဖြစ်စဉ်များက ကျိုးရင်းနတ်ဘုရားမနှင့် သူမ၏ စကားများဖြင့်သာ ပြည့်နှက်နေမည်ကို ဟူအာ စိုးရိမ်တကြီး ဖြစ်မိသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now