Part 52

235 30 0
                                    

အခန်း (၅၂)

ဟူအာ တောင်ပေါ်ကနေ ဆင်းလာပြီးမှ.. ဘယ်သွားရမလဲ ဆိုတာကို ပထမဆုံး တွေးမိသည်။ မတူညီတာက နတ်စွမ်းအား သုံး၍ မရဘူး ဆို၍ ခြေတွေ လက်တွေကို သုံး၍ သွားလာရခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် ခန္ဓာကိုယ်က ပေါ့ပါးစွာပင် သွားလာ၍ ရသည်။ တစ်စထက် တစ်စ တစ်လှမ်းထက် တစ်လှမ်း ပို၍ ပို၍ လေးလံလာပြီး စတင် မောပန်းလာသည်။

ပိုဆိုးနေတာက ညောင်အာကို ဘယ်နားမှာ သွားရမလဲ ဆိုတာကို ဟူအာ မသိတာပင် ဖြစ်၏။ ညောင်အာ ဘယ်နေရာနား လောက်မှာ ပုန်းနေလောက်မလဲ ဆိုတာကို တွေးမိသည်။ အကယ်၍ သူမဟာ နှစ်ထောင်နဲ့ချီပြီး သေမျိုးလောကက လူသားတွေ အပြည့်အဝ အသုံးမချတတ်သော စွမ်းအားတို့ကို စုပ်ယူ အသုံးချမည် ဆိုပါက သေချာပေါက် ပုန်းအောင်းနေရမည် ဆိုတာကို တွေးမိတော့ တောင်တွေ တစ်တောင်ပြီး တစ်တောင် လိုက်ရှာရတော့မည်။

အခါတိုင်းမှာ ဆာလောင် တတ်သော်လည်း အခုကျတော့ ဆာလောင်ခြင်း မဖြစ်ပေါ်လာတာကို ဟူအာ အံ့သြမိသေး၏။ ~~ညောင်အာ ငါ ပင်ပန်းနေလို့ ငါ့အမွှေးတွေကို ပွတ်သပ်ပေး ပါလား..~~ ဗိုက်မဆာတာကို ကျေးဇူးတင်မိပေမယ့်.. မောပန်းတာကိုတော့ လက်မခံ၍ မရပေ။

~~ညောင်အာ ငါ ဒီလို မောပန်းပုံနဲ့ ဆိုရင် မင်းကို ရှာမတွေ့ခင် ငါ သေဆုံးသွားလိမ့်မယ်..~~ ဒါပေမယ့် ငါက လွယ်လွယ်နဲ့ လက်လျော့မှာ မဟုတ်ဘူး.. အဲဒါတော့ သေချာတယ်..~~

“လူသားတွေက ဒီလို ရှင်သန်ရတာလား.. ဘယ်လိုတောင် ခက်ခဲတာလဲ..”

တောင်တစ်တောင် ပေါ်ကနေ ပြေးဆင်းပြီး နောက်ထပ် တစ်တောင်သို့ ပြေးတက် ရတာကပဲ ချွေးတွေ ထွက်လာတော့မလိုပင် ခံစားရသည်။ ဟူအာ ကျောက်တုံးတစ်တုံးပေါ်တွင် ခဏနားလိုက်ပြီးမှ နတ်အစွမ်းသုံးဖို့ မသုံးဖို့ကို ပြန်ပြီး သုံးသပ်နေမိသည်။ နတ်အစွမ်း မသုံးရင်တော့ ပင်ပန်းပြီး သေလိမ့်မည်။ သုံးပြန်ရင်လည်း.. အခွင့်မရှိပဲ သေမျိုးလောကသို့ ဆင်းသက်ခြင်းကြောင့်.. အပြစ်ဒဏ် သင့်ပြီး အဖေနှင့် အမေကို မျက်နှာ ပျက်စေမည်။

တွေးနေရင်းဖြင့်.. ရက်ပေါင်းများစွာ မရပ်မနား ရှာဖွေ ခဲ့ခြင်းကြောင့်.. ဟူအာ ပင်းပန်းလာပြီး မျက်လုံးတွေ စင်းကျလာသည်။ ထို့နောက် တွင်တော့ ဆံပင်တွေ အနီရောင်သို့ ပြောင်းလဲလာပြီး.. အနီရောင် အငွေ့များကြားတွင် မျက်ဝန်းတွေ ပြန်ပြီး ပွင့်ဟလာတော့၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now