အခန်း ၂၂

269 38 1
                                    

Unicode
အခန်း (၂၂)

“ဟူအာ.. ပိုင်ဟုန်ဟူ.. မင်းက ဘယ်လို ဖြစ်ပြီး ငါ့သူငယ်ချင်းနဲ့တူနေမှန်း မသိဘူး..”

“ခင်ဗျား သူငယ်ချင်းကို ကျွန်တော်မှ မသိတာ..”

“ဘယ်သိမှာလဲ.. သူက နှစ်နှစ်သိန်းကျော်တုန်းက ဒီလောကကြီးအတွက် စွမ်းအားအကုန် သုံးခဲ့တာ အဲဒါကြောင့် သူက မရှိတော့ဘူး..”

“သူ မရှိတော့ဘူး.. ဟုတ်လား.. ဒါနဲ့ ခင်ဗျားနာမည်ကို တစ်ခါမှ မပြောဖူးဘူးနော်..”

“ငါကလား..”

နာမည်မေးလိုက်တာကို ထိုအစိမ်းဝတ် နတ်သားက တစ်ချက်မျှ ကျေနပ်စွာ ပြုံးလိုက်ပြီးမှ.. ကိုယ်ကို တစ်ပတ်လှည့်ကာ.. ခုံပေါ်တွင် ထိုင်လိုက်ပြီးမှ.. ဒူးတစ်ဖက်ကို ထောက်လိုက်ကာ..

“ငါကလား.. ငါက.. နတ်မင်းကြီး ကိုးပါးထဲက ကျန်းရှီ နတ်မင်းရဲ့ အငယ်ဆုံး သားတော်.. ကျန်းမင်ရှီ..”

“ကျန်းရှီ နတ်မင်း ဆိုတာက ကောင်းကင်ကို တည်ဆောက်တော့.. သစ်ပင်နဲ့ ပန်းမာန်တွေကို ဖန်တီးခဲ့တဲ့ နတ်မင်း မဟုတ်လား..”

“ဟုတ်တာပေါ့..”

ကျန်းမင်ရှီ နတ်မင်းက အားရဝမ်းသာ ခေါင်းညိတ်သည်။ ဟူအာ ခေါင်းယမ်းလိုက်ပြီးမှ..

“ကျန်းရှီ နတ်မင်းမှာ သားဆယ့်သုံးဦး.. သမီးက နှစ်ဆယ့်လေးဦး ရှိတယ်.. မိဖုရားက ဆယ့်ခုနှစ်ပါး ရှိတာ..”

“အဲဒါတွေ ထားလိုက်ပါ ငါ့မှာ မျိုးနွယ်တွေ များတာ သိပါတယ်.. မင်း အဲ့လောက် ပြောပြဖို့ မလိုပါဘူး..”

“ဒါပေမယ့် အိမ်တော်မရှိတဲ့ ကျန်းနတ်မျိုးနွယ်ကို ကျွန်တော် မသိဘူး.. ခင်ဗျားမှာ ပန်းတစ်ရာ နန်းဆောင် ရှိတယ် မဟုတ်လား..”

“ဟုတ်တယ်.. ဒါပေမယ့် ကောင်းကင်က ပန်းတစ်ရာ နန်းဆောင်ကို မရောက်တာ နှစ်ပေါင်းနှစ်သိန်းကျော်ပြီ.. ပြောရရင် ငါ့သူငယ်ချင်း သေဆုံးပြီးကတည်းက ကောင်းကင် ဆိုတာကို ငါက စိတ်မဝင်စားတော့ဘူး.. နယ်လှည့်သွားနေရတာကိုပဲ နှစ်သက်တယ်..”

“ခင်ဗျားက နတ်တစ်မျိုးပဲ အတွေ့အကြုံတွေ အများကြီး ရှိတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်တယ်..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now