part 119

185 26 0
                                    

unicode
အခန်း-၁၁၉

ကျိုးလျန်က ထိုကလေးလေးကို ချစ်မြတ်နိုးစွာ ပွေ့ချီလိုက်၏။ သို့သော် ကလေးငယ်လေးက ငိုကြွေးနေဆဲ ဖြစ်သည်။

ဟူအာ နားမလည်နိုင်စွာ ကလေးငယ်၏ လက်ထဲသို့ သူ့လက်ညိုးကို ပြန်ထည့်လိုက်သည်။ ထိုအခါတွင်မှ ကလေးငယ်လေးက ငိုကြွေးနေရာမှ တိတ်ဆိတ်သွားသည်။

“ခစ် ခစ် ခစ်”

အငိုတိတ်ပြီးသွားပြီး မကြာမီတွင် ထိုကျိုးကလေးငယ်လေးက စတင်၍ ရယ်မောလာသည်။

“သူက မင်းကို တကယ် သဘောကျတယ် ဆိုမှတော့ မင်းကို ခေါင်းကိုင်အဖေလို့ သတ်မှတ်လိုက်လည်း ရတာပဲ”

ဟူအာ ထိုစကားကြောင့် ကြောက်လန့်သွားမိသည်။ သူက ကျိုးကြောင်းဆီလျှော်သူ တစ်ဦး ဖြစ်သည့်အပြင် သူက ကလေးငယ်တစ်ဦးကို နောင်တွင် တာဝန်ယူပါမည် ဆိုသည့် စကားမျိုးကို ထုတ်မပြောနိုင်သလို ထိုသို့သော ကတိမျိုးပေးဖို့က ဟူအာက ငယ်သေးသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ဟူအာက ဝမ်းကွဲညီလေးထံမှ ခေါင်းကိုင်အဖေဟူသည့် အခေါ်အဝေါ်ကို ကြားယောင်မိပြီးေ်နာက် အလိုအလျောက် ခေါင်းခါယမ်းလိုက်မိတော့သည်။

ဟူအာ၏ မျက်နှာ ပြောင်းလဲသွားပြီး ခေါင်းယမ်းလိုက်သည်ကို မြင်သောအခါ ကျိုးလျန်နတ်မင်းက စိတ်မဆိုးသွားချေ။ ထိုအစား ပြုံးရယ်လိုက်ပြီးနောက် ပြောသည်။

“မင်း လက်မခံဘူး ဆိုရင်လည်း ကိစ္စမရှိဘူး။ ငါ့ရဲ့ကျိုးထျန်းယိလေးက မင်းရဲ့ဝမ်းကွဲညီလေးတော့ ဖြစ်နေတုန်းပဲလေ။ သူသာ နည်းနည်းလောက် ပြေးဆော့တတ်တဲ့အချိန် ရောက်လာရင်း မင်းရဲ့နန်းဆောင်ဆီကို ပြေးလာချင်နေမှာတော့ ငါ စိတ်ပူတယ်”

“ကျွန်တော် ရှောင်ဇီအာကို သွားကြည့်လိုက်အုံးမယ်”

ဟူအာ တခြားအခန်းသို့ ပြေးသွားတော့သည်။ ကျိုးလျန်နတ်မင်းက ကလေးငယ်ကို ချော့မြှူနေပြီး သူ့ဇနီးအနားတွင် ကျန်နေခဲ့သည်။

တစ်ဖက်ခန်းသို့ ရောက်သွားတော့ ဟူအာ ကုတင်ပေါ်တွင် သတိမေ့နေသေးသည့် ရှောင်ဇီအာကို တွေ့လိုက်ရသည်။ ထိုခေါင်းမာသော မိန်းကလေးက အမှန်တကယ်ပင် သင့်တော်၏ မသင့်တော်၏ကို မသိသူ ဖြစ်ရမည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now