Part 169

76 7 0
                                    

အခန်း-၁၆၉

ဟူအာ ခက်ခက်ခဲခဲ တည်ဆောက်ထားပေးခဲ့သော အခြေ‌အနေကို ပိုင်ဒေသမှလက်မှုပညာရှင်များက ပုတ်ထုတ် ဖယ်ရှားလိမ့်မည်ဟု ကြိုမတွေးထားမိပေ။ ထိုသူများက ပိုင်ဒေသအတွင်း သက်ကြီးဝါကြီးဟူသော အနေအထားတွင် ရှိသူများ ဖြစ်ကြသလို အခြေအနေကို တွက်ဆနိုင်သူများ ဖြစ်ကြ၏။

သိုသော်..

"ငါတို လုပ်ထားတော့ ဘာဖြစ်လဲ ငါတိုကို အဲဖန်ပုလင်းတွေ လုပ်တာနဲ့ပဲ တစ်ဆွေလုံး တစ်မျိူးလုံး သတ်ပစ်ချင်သေးတာလား"

တစ်ယောက်က ရုတ်တရက် ထအော်လေသည်။ ထိုနောက် အားလုံးက ဆက်တိုက်ဆိုသလို သံယောင်လိုက်ကာ ငြင်းဆိုကြတော့သည်။

"ဟုတ်တယ်။ မင်းတို လုပ်ချင်တာကို လုပ်လိုက် ငါတိုကို လှည့်စားဖို မလိုဘူး။ ငါတိုက မင်းဆိုဘ လက်ထဲမှာပဲ ဘာတွေ ကွာခြားသွားနိုင်လိုလဲ"

ဟူအာ အတန်ငယ် စိတ်ပျက်သွားသည်ဟု ဆိုရပေမည်။ ထိုသူများက အခွင့်အရေးမှန်းသိသိနှင့် ဟူအာ ခက်ခက်ခဲခဲ အများမျက်မှောက်တွေ တည်ဆောက်ထားပေးသည့် လွတ်လမ်းကို ထိုသူများက သိသိသာသာပင် ငြင်းဆန်လိုက်ခြင်း ဖြစ်ပေ၏။

မိန်ယဲ့က ဟူအာအနားသို တစ်လှမ်းတိုးလာပြီးနောက် ဖန်ပုလင်းငယ်ကို နတ်စွမ်းအင်ကို သုံးလျက် သူမလက်အတွင်းသို ဆွဲယူလိုက်ပြီးနောက် နှုတ်ခမ်းတစ်ဖက်ကို တွန့်ကွေးလိုက်ရင်းပြုံး၏။

ပြီးနောက် တစ်လုံးချင်း ဖြည်းညင်းစွာ ပြောလာလေသည်။

"အရှင့်သား ကြည့်ရတာ သူတိုက အပြစ်သားကို သိသိလျက်နဲ့ ကာကွယ်ချင်နေတဲ့ပုံပဲ သူတိုအတွက်နဲ့ အရှင့်သားရဲ့ ကောင်းကင်နန်းတော်က နတ်မင်းသားဆိုတဲ့ ဂုဏ်သရေကို မထောက်တော့ဘူးလား အဲလို လုပ်တယ တန်ရဲ့လား"

ကောင်းကင်က နတ်မင်းသား ဆိုသည့်စကားနှင့် ဂုဏ်သရေ ဟူသော စကားကို မိန်ယဲ့က အထူးတလည် ဖိနှိပ်၍ ပြောလိုက်သည် ဖြစ်ရာ ထိုစကားနှစ်လုံးက လူအများ၏ နားထဲတွင် အဓိပ္ပာယ်နှစ်ခုကို ဖြစ်ထွန်းလာစေနိုင်သည်။

ထိုစကားအရ ကောင်းကင်မှ နတ်မင်းသားတစ်ပါး၏ တာဝန်ကို လျစ်လျူရှုသည်ဟု စွပ်စွဲလိုက်သလို နတ်မင်းသားတစ်ပါး ဖြစ်လျက်ဖြင့် အပြစ်ရှိသူများကို ကာကွယ်သည်ဟုပါ ထင်မြင်မိစေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang