part 122

166 21 0
                                    

unicode
အခန်း-၁၂၂

“ကျိုးဟူ ဒီမှာ ကြည့်ကြည့်..”

ရှောင်ဇီအာက အေးစက်စက် ကျောက်တုံးလေးတွေကို ဟူအာ၏ လက်ထဲသို့ ထည့်ပေးလာသည်။ ဟူအာ လက်ထဲသို့ ကျောက်တုံးငယ်လေး တစ်လုံး ရောက်လာတော့ အေးစက်စက် အငွေ့အသက်များ အကြားမှ ဖော်ပြရန်ခက်ခဲသည့် နတ်စွမ်းအားအနည်းငယ်ကို ခံစားလိုက်မိ၏။

ဟူအာ နောက်ထပ် ကျောက်တုံးတစ်လုံးကို ကောက်ကိုင်လိုက်ပြီးနောက် ထပ်စစ်ဆေးလိုက်သည်။ ထိုကျောက်တုံးလေးများက အမှန်တကယ်ပင် နတ်စွမ်းအားကို ထိန်းသိမ်းထားနိုင်စွမ်း ရှိပေသည်။

ဟူအာ နောက်ထပ် ကျောက်တုံးငယ်များစွာကို ကောက်ယူ၍ စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုကျောက်တုံးငယ်လေးများက အနည်းငယ်မျှသော နတ်စွမ်းအားကို ထိန်းသိမ်းထားနိုင်စွမ်း ရှိကြောင်းကို နားလည်သွားသည်။

ဆိုရလျှင် နတ်တစ်ပါးအတွက် နတ်အသက်ဓာတ်မရှိဘဲ နတ်စွမ်းအား တိုးတက်အောင် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။ သင့်တော်သော နတ်အသက်ဓာတ်နှင့် သင့်တော်သော နတ်စွမ်းအားက သင့်တော်သော မျှခြေတွင် ရှိရမည် ဖြစ်ပြီး နတ်စွမ်းအား တိုးလာစေရန် နတ်အသက်ဓာတ်ကိုလည်း တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့် ပြောရလျှင် ထိုကျောက်တုံးငယ်လေးများက အသက်မရှိသည့်တိုင် နတ်အသက်ဓာတ် အနည်းငယ်ကို ပိုင်ဆိုင်ထားပြီး နတ်စွမ်းအား အနည်းငယ်ကို ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ သို့သော် သူတို့က ကျောက်တုံးများသာ ဖြစ်ပြီး သက်ရှိမဟုတ်ပေ။

ထို့ကြောင့် ထိုကျောက်တုံးများက အသက်ဓာတ်နှင့် နတ်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း နတ်စွမ်းအားကို တိုးတက်လာအောင် ကျင့်ကြံနိုင်ခြင်း မရှိသလို အသက်ဓာတ်ကို ပွားများ များပြားလာအောင် လုပ်ဆောင်နိုင်ခြင်းလည်း မရှိပေ။

အကယ်၍ ထိုကျောက်တုံးများတွင်သာ ဝိညာဉ်တစ်စလောက် ရှိမည် ဆိုလျှင် ထိုအခြေအနေက တူညီတော့မည် မဟုတ်ပေ။ သူတို့က သက်ရှိဖြစ်သွားမည် ဖြစ်ပြီး နတ်အသက်ဓာတ်နှင့် နတ်စွမ်းအားများက အသုံးဝင်သွားနိုင်ပေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now