part 137

199 20 1
                                    

unicode

အခန်း-၁၃၇

“လိုအပ်ချက် ရှိနေတဲ့ တင်လျှောက်ချက်က ဒါမှမဟုတ် တွေးဆချက်က အထက်ကလူကို သံသယပွားစေနိုင်တယ်။ စေ့စေ့စပ်စပ် တွေးတောပါ။ လက်လွှတ်စပယ် မလုပ်နဲ့”

“ဟူအာ နားလည်ပါပြီ။ ဟူအာ ပေါ့လျော့သွားပါတယ်။ ခမည်းတော် သွန်သင်တာကို ဟူအာ ကျေးဇူးတင်ပါတယ်”

အကယ်၍သာ ထိုအနေအထားတွင် ဟူအာသာ ဟုတ်မနေခဲ့ပါက အိမ်ရှေ့မင်းသားက ထိုမျှ စကားကို ရှည်ရှည်ဝေးဝေး ပြော၍ ရှင်းလင်းပြောပြနေမည် မဟုတ်သည်က အထင်အရှားဖြစ်သည်။

ဟူအာ ဖြစ်နေ၍သာ သုံးလောကအကြောင်းကို ပို၍ နက်နက်နဲနဲ တွေးတောစေချင်ပြီး သိစေချင်သည်မှာ အသိသာပင် ဖြစ်၏။

“မင်း နားလည်ရင် ကောင်းပြီ။ ထိန်းချုပ်ပုလဲတစ်လုံး ပျောက်သွားတဲ့ ကိစ္စကို ကောင်းကင်ဧကရီကို တင်လျှောက်ခိုင်းလိုက်မယ်။ ဒါဆိုရင် ညီလာခံမှာ တခြားဒေသက နတ်မင်းတွေရဲ့ ကြားမကောင်းတဲ့ စကားတွေကို ကျော်လွှား သွားနိုင်လိမ့်မယ်။ ဒါပေမဲ့ ရေအကာအရံကိစ္စက ဟူအာ.. မင်း တာဝန်ယူထားပြီးပြီ ဆိုမှတော့ သင့်တော်တဲ့ အကြောင်းပြချက်ကို မင်း ရှာတွေ့နိုင်မယ်လို့ ငါထင်တယ်။ ငါ မင်းကို ကူညီပေးမှာ မဟုတ်ဘူး”

“ဟူအာ သိပါပြီ”

“မင်း အရင်ဆုံး ကောင်းကင်နန်းတော်မှာ ကောင်းကောင်းလေ့ကျင့်ဖို့ လိုလိမ့်မယ်။ ငါ့မှာ သားတစ်ယောက်ပဲ ရှိသေးတယ်။ အဓိပ္ပာယ်မဲ့ မဆုံးရှုံးချင်ဘူး”

အိမ်ရှေ့မင်းသား၏ အကြံအစည်က ရှင်းလင်းလွန်းသည်။ ကောင်းကင်မင်းကြီးအား ကောင်းကင်ဧကရီမှ တင်လျှောက်ခြင်းနှင့် တခြားသူတစ်ဦးမှ တင်လျှောက်ခြင်းက မတူညီပေ။

အကယ်၍ ဆိုးဝါးသော စကားတချို့ကိုပင် ကောင်းကင်မိဘုရားကြီးမှ တင်လျှောက်ပါက ထိုအခြေအနေက အတန်ငယ်ပင် ပြေလျော့သွားနိုင်သည်။ ထို့ကြောင့် ထိန်းချုပ်ပုလဲ ပျောက်ဆုံးခြင်းက ကောင်းကင်ဧကရီအား တင်လျှောက်စေရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

အိမ်ရှေ့မင်းသားနှင့် ကောင်းကင်ဧကရီက ထူးဆန်းသော ဆွေမျိုးတော်စပ်ခြင်းမျိုး ရှိကြောင်းကို လူတိုင်း သိနိုင်သည်။ အိမ်ရှေ့မင်းသားက ကောင်းကင်ဧကရီ၏ တိုက်ရိုက်သွေးမျိုးဆက် ဖြစ်သလို သမီးဖြစ်သူမှ မွေးဖွားထားသည့် မြေးတော်အရင်းလည်း ဖြစ်သေးသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now