အခန်း ၂၀

275 43 1
                                    

Unicode
အခန်း (၂၀)

ဖန်းရှိုးဝိန်က ကျောက်သားထုပေါ်သို့ တက်လာပြီး.. ကျိုးလျန် နတ်မင်းအား အရိုအသေပေးသည်။ ထိုအခါမှ ဟူအာ ကမန်းကတမ်း ခေါင်းငုံ့လျက် အရိုအသေပေးမိ၏။ ကျိုးလျန် နတ်မင်းက.. သူတို့ နှစ်ဦးအား.. မေးခွန်းနှစ်ခုကို ယပ်တောင်ဖြင့် ဝှေ့ယမ်းလျက် ပေါ်လာစေသည်။ သူတို့ ရှေ့တွင်လည်း ကလောင်တံနှင့်.. စာရွက်ငယ် ပေါ်လာ၏။

မေးခွန်း-၁ လောက၏ပထမတန်းစားနတ်လက်နက် နှစ်မျိုး..
မေးခွန်း-၂ ရှေးဟောင်းနတ်ဘုရားများကို ကာကွယ်ပေးသည့် နတ်မင်း၏ အမည်

ဟူအာ ချက်ချင်းပင် ချရေးလိုက်ပြီးမှ.. အဖြေလွှာကို ချလိုက်သည်နှင့် ကျိုးလျန် နတ်မင်းထံသို့ ပျံဝဲသွား၏။ ပထမ အဖြေတွင်.. ကျိုးရင်း နတ်ဘုရားမ၏ ကောင်းကင်နဂါးပန်းနှင့် ကြယ်တာရာနတ်သခင်မ၏ ကြယ်တာရာဓားကို ရေးထားပြီး.. ဒုတိယအဖြေတွင်.. မျိုးနွယ်မဲ့ နတ်မင်း ဆစ်ကျီကို ရေးသားထားသည်။

ကျိုးလျန် နတ်မင်းက ဖန်းရှိုးဝိန်ထံမှ အဖြေကို ယူလိုက်ပြီးမှ.. ဖတ်ရှုကာ.. တစ်ချက်မျှ ပြုံးလိုက်ပြီးမှ..

“ရှေးဟောင်းနတ်ဘုရားများကို ကာကွယ်တဲ့ နတ်မင်းက သေချာပေါက် ငါမဟုတ်ဘူး.. စာသင်သား.. ပြီးတော့.. ပိုင်ဟုန်ဟူ.. မင်းဖြေထားတဲ့ အဖြေက လိုအပ်ချက် ရှိတယ်လို့ မထင်ဘူးလား..”

“မရှိဘူး..”

“သေချာလား..”

ဟူအာ သေချာစွာပင် ခေါင်းညိတ်လိုက်၏။ ပြီးမှ..

“ဆစ်ကျီ နတ်မင်းကို ဘယ်နေရာမှာမှ မျိုးနွယ်ထည့်ပြီး မရေးထားဘူး.. ဒါပေမယ့်.. သူက ကျိုးမျိုးနွယ်ဝင် ဖြစ်တယ် ဆိုတာကို စာအုပ်တစ်အုပ်မှာ ရေးထားတာ ဖတ်မိလိုက်တယ်.. ဒါပေမယ့် အဲဒါက ဆစ်ကျီ နတ်မင်းကို ဂုဏ်ပြုထားတဲ့ စာတစ်ပိုင်းလေးမှာပဲ ရေးထားတာ အတိအလင်း ပြောဆိုပြီး မှတ်တမ်းတင်ထားတာ မဟုတ်တော့.. ဆစ်ကျီ နတ်မင်းကို ကျိုးဆစ်ကျီ နတ်မင်းလို ခေါ်ဝေါ်လို့ ရမရ.. မသေချာဘူး..”

ဟူအာ အတိအကျပင် ရှင်းလင်းပြပေးလိုက်သည်။ အခုက စစ်ဆေးရေးပွဲ ဆိုတော့ တိကျ သေချာတာကိုပဲ သုံးသင့်သည် ဆိုတာကိုပါ ကျိုးလျန် နတ်မင်းကို တစ်ခါတည်း အသိပေးလိုက်ခြင်း ဖြစ်၏။ သူပြောသမျှကို အောက်ဘက်မှ ရှောင်ညောင်နှင့်.. အစိမ်းရောင်.. နတ်သားကသာ လက်ခုတ်တီးလျက် အားပေး၏။ တခြား စာသင်သားများကတော့ တိတ်ဆိတ်စွာသာ ရှိနေသည်။ ကျိုးလျန် နတ်မင်းက.. ဆက်၍..

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now