part124

172 22 0
                                    

unicode

အခန်း-၁၂၄

ကျိုးဖုန့်သုန် နတ်မင်းက ဟူအာကို လက်ဖြင့် ပြပြီး နှင်ထုတ်သည်။ ကျိုးရင်းနတ်ဘုရားမက ကျိုးဖုန့်သုန် နတ်မင်း၏ လက်ကို ဖမ်းကိုင်လိုက်ပြီး ပြောသည်။

“သူက ငယ်သေးတယ်လေ။ အစ်ကိုကြီးက စိတ်မဆိုးနေပါနဲ့။ ပြီးတော့ ညက မှောင်နေပြီလေ။ သူ့ကို ဘယ်လို ဖြစ်ပြီးတော့ နှင်ရက်တာလဲ။ သူ့ကို ဒီမှာ တစ်ညလောက် ပေးနေလိုက်ပါ။ ကြာပန်းစံအိမ်တော်က နေတဲ့သူ မရှိလို့ လွတ်နေတာပဲလေ။ ဇီအာကို ကျွန်မနဲ့အတူတူ ခေါ်သွားလိုက်မယ်”

ကျိုးရင်းနတ်ဘုရားမက သူမအစ်ကိုဖြစ်သူကို တောင်းဆိုရင်း အစီအစဉ်ကိုပါ တစ်ခါတည်း ချပေးလိုက်သည်။ ပြီးနောက် သူမက သူမအစ်ကို၏ မျက်နှာကို မျှော်လင့်နေဟန်ဖြင့် မော့ကြည့်နေ၏။

ကြည့်ရသည်မှာ သူမ၏အစ်ကိုကြီးဖြစ်သူက သူမထံမှ ထိုသို့သော တောင်းဆိုမှုကို လျစ်လျူရှုပစ်ရန် ခက်ခဲဟန်ရသည်။ အနည်းငယ် မကြည်မသာ ဖြစ်နေသော်လည်း ကျိုးဖန့်သုန်နတ်မင်းက ဟူအာနှင့် လုံဆစ်ကို မနှင်ထုတ်ခဲ့ပေ။

ထိုအစား လက်ကို ယမ်းလာပြီး ပြောသည်။

“မင်းတို့ သွားတော့.. ရင်းအာ.. မင်းလည်း သွားတော့ ငါဒီမှာ တွေးစရာ နည်းနည်း ရှိသေးတယ်”

“ကောင်းပြီ အစ်ကိုကြီး သိပ်မတွေးပါနဲ့ ကိစ္စတွေ ရှုပ်ထွေးလာမှာ မဟုတ်ပါဘူး။ ကျွန်မရော ယီမင်ရော ရှိပါသေးတယ်”

“ငါ သိတယ်။ ဒါပေမဲ့ ငါ့ကိစ္စကို မင်းတို့ဆီ တွန်းပို့နေရအောင် ငါက မင်းတို့ရဲ့ အစ်ကိုကြီး မဟုတ်ဘူးလား။ ငါက မင်းတို့ရဲ့ အငယ် မဟုတ်ဘူး။ ငါက ငါ့ကိစ္စကို ငါ့ဖာသာ ဖြေရှင်းမှရမယ်”

ကျိုးရင်းနတ်ဘုရားမက အစ်ကိုဖြစ်သူကို ထပ်မံ၍ ဖြေသိမ့်စကား မဆိုတော့ဘဲ ခန်းမဆောင်မှ ထွက်လာပြီး ဟူအာနှင့် လုံဆစ်ကို ပြောလာသည်။

“မင်းတို့ ဒီညတော့ ဒီမှာပဲ နားနေလိုက်ပါ။ မနက်ဖြန်ကျရင်တော့ အစ်ကိုနှစ်ရဲ့ အိမ်တော်ကို ပြန်သင့်တယ်။ မင်း ဒီမှာ ကြာကြာ ရှိနေတာက မင်းရဲ့ခမည်းတော်အတွက်ရော မင်းရဲ့အဘိုးတော်အတွက်ပါ မကောင်းဘူး”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now