Part 34

275 39 1
                                    

Unicode
အခန်း (၃၄)

“ဆစ်ကျီ နတ်မင်းက ကံကြမ္မာမှတ်တိုင်တောင်ကို ရောက်လာတာ.. အနီရောင် မုန်တိုင်း ကြားထဲကို မီးငှက်လေးကို လွှတ်လိုက်ပြီးတော့.. မြေခွေးလေးက ရောက်လာပြီး သူပါ ခုန်ဝင်သွားတာ ဆစ်ကျီ နတ်မင်းက မုန်တိုင်းဆဲတာနဲ့ အတင်း ကြားထဲကို တိုးဝင်ပြီး ကံကြမ္မာမှတ်တိုင်တောင်က မှတ်တိုင် အသစ်တစ်ခုကို ဖျက်စီးလိုက်တယ်.. နောက်တော့ သူ လဲကျပြီး ပျောက်သွားတာပဲ..”

“သေချာလား.. ဆရာက..”

မေးဖို့ ပြင်လိုက်ပြီးမှ.. ရင်းအာ.. ဆရာ့ကို နောက်ထပ် တစ်ကြိမ် ပြန်ပြီး စမ်းကြည့်လိုက်သည်။ ဆရာက စိတ်ကနေ ဒဏ်ရာရတာလား..၊ ဘာကြောင့်မို ဝိညာဉ်ကော ခန္ဓာကော ဒဏ်ရာမရပဲနဲ့ သွေးအန်ပြီး.. မေ့လဲနေရတာလဲ..၊ ဆရာက ခံစားချက်မဲ့ဂါထာ စီးမြောတဲ့ နတ်ဖြစ်တာကို .. ဘယ်လို ဖြစ်ပြီး စိတ်ကနေ ဒဏ်ရာ ရမှာလဲ..၊ မဖြစ်နိုင်တာ..၊

ရင်းအာ တစ်ခုခုကို တွေးလိုက်မိသည်နှင့် နန်းဆောင် အတွင်းသို့ ပြေးဝင်လာသော.. ကျိုးယွီကို မြင်လိုက်တော့ အနားသို့ ချက်ချင်း ရောက်သွားမိပြီး ပုခုံးမှ အင်္ကျီစကို ဆုပ်ကိုင်မိရင်း..

“မင်းပြောစမ်း.. ဆရာ ဘယ်လို ဖြစ်တာလဲ..”

“ဆရာက ပြန်လာတော့.. အဲ့လိုမျိုးပဲ ပြုတ်ကျလာတာ.. သူ မသေဘူးလို့ ပြောတယ် ဘာပြောလဲ ဆိုတာကို ကျိုးယွီလည်း နားမလည်ဘူး ဒေါ်လေး..”

“ယီမင်ကော.. မင်းနောက်က မလိုက်လာဘူးလား..”

အနောက်ကလို့ ပြောလိုက်တာက စကားအဖြစ်ပဲ ဖြစ်မှန်း သိပေမယ့် ယီမင် ဘယ်သွားလိုက်တာလဲ ဆိုတာကို သိချင်လို့ မေးလိုက်တာ ဖြစ်သည်။

“အိမ်ရှေ့စံမင်းသား ဦးလေးက.. စိမ့်စမ်းပြာကနေ.. ရေသွားယူလာမယ်လို့ ပြောတယ်..”

“ရေ ယူလာပြီး ဘာလုပ်မှာလဲ သုံးလေးရက်တောင် ကုသနေဖို့ မလိုဘူး..”

ရင်းအာ ခပ်တိုးတိုး ရေရွတ် လိုက်ပြီးမှ..ဆစ်ကျီ နတ်မင်း၏ အနောက်တွင် ဝင်ထိုင်လိုက်သည်။ ဆစ်ကျီ နတ်မင်းအား ထထိုင်စေတော့ နှုတ်ခမ်းမှ သွေးစ အနည်းငယ်က မေးဖျားသို့ စီးကျလာ၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now