part113

188 23 0
                                    

unicode
အခန်း-၁၁၃

လုံဆစ်၏ ထိုစကားက ဟူအာကို မတ်ခနဲ ဖြစ်သွားစေသည်။ ပိုင်ဒေသအတွင်း လက်မှုပညာသည်များစွာ ရှိသည်။ ထိုသူတို့က လက်နက်များ၊ အလှအပပစ္စည်းများ သို့တည်းမဟုတ် ထည့်စရာ ပစ္စည်းများ ပြုလုပ်လေ့ ရှိသည်။

ထိုသို့ ပြုလုပ်ပြီးနောက် ထိုအသုံးအဆောင်များကို ကောင်းကင်နန်းတော်သို့ ပထမဦးစွာ ပို့ပေးပြီးနောက် တခြားသော နတ်ဒေသများသို့ လဲလှယ်ခြင်းအတွက် အသုံးပြုကြသည်။ ထိုသည်က လွန်ခဲ့သော နှစ်တစ်သိန်းခန့်မှ စတင်ခဲ့သည့် အစဉ်အလာ တစ်ရပ်ပင် ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ပိုင်ဒေသက မတူညီသော အမှတ်အသားများဖြင့် ပုလင်းငယ်များကို မှတ်သားထားလေ့ ရှိသည်။ ကောင်းကင်နန်းတော်သို့  ပို့သည့် ပစ္စည်းများအတွက် အမှတ်အသားတစ်ခု ထားရှိသလို နတ်ဒေသအသီးသီးသို့ လဲလှယ်ရန်အတွက်လည်း မတူညီသော အမှတ်အသားကို ပေးလေ့ရှိသည်။

ထို့နည်းတူစွာဖြင့် ပိုင်ဒေသ ကျေးရွာများတွင် အသုံးပြုသော လက်မှုပစ္စည်းများကလည်း အမှတ်အသားသီးသန့် ရှိပေသည်။ ထိုအမှတ်အသားသည်က အလွယ်တကူဖြစ်လှစွာ မြေခွေးလက်သည်းရာ ဖြစ်သည်။

သို့သော် ထိုပုလင်းငယ်ကို လုံဆစ်ထံမှ ဟူအာ ပြန်ယူကြည့်လိုက်မိသည်။ ထိုပုလင်းသည်က မြေခွေးလက်သည်းရာ ပေးထားသော ပုလင်းတစ်လုံး ဖြစ်သည်။ ထိုကြောင့် သိနိုင်သည်မှာ ထိုပုလင်းငယ်က ပိုင်ဒေသ၏ ကျေးရွာအတွင်း အသုံးပြုသော ပုလင်းတစ်ခု ဖြစ်သည်။

ဟူအာ အတန်ကြာသည်အထိ ထိုပုလင်းငယ်ကို ကိုင်ပြီး ငိုင်နေမိသည်။ ထိုပုလင်းသည်က သိသာစွာဖြင့် ပိုင်ဒေသအတွင်းသာ အသုံးပြုသော လက်မှုပစ္စည်း ဖြစ်သည်။ ထိုပစ္စည်းမှနေ၍ စကောက်ရလျှင် ဟူအာသည် ကြီးလာခဲ့သော ပိုင်ဒေသအား လက်လွတ်စပယ် စတင်ပြုမူသည်ဟု အများက ဆိုကြပေလိမ့်မည်။

“ဆိုတော့.. အရှင့်သား ဒီပုလင်းကို တမင်သက်သက် သုံးပြီးတော့ ထည့်ထားတာလား ဆိုတာကို အရင်ဆုံး စုံစမ်းသင့်တယ်လို့ ထင်ပါတယ်၊ ပိုင်ဒေသကို စစ်ဆေးတာမျိုးတော့ မလုပ်သင့်သေးဘူး”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now