Part 35

264 34 1
                                    

အခန်း (၃၅)

အနီရောင် အငွေ့အသက်တွေ ရစ်သိုင်းနေပြီး.. ခရမ်းရောင် အငွေ့များနှင့် ရောယှက်နေတာက ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ပင် လျှံကျလာတော့မလို ဖြစ်နေသည်။

“ဒါက ဘယ်လို ဖြစ်ရတာလဲ.. ငါက သူ့အကြောင်း ဘာမှ မသိရသေးခင် သူက သေတော့မယ်..”

နောက်ဆုံးမှာတော့ ဟူအာကို အမှောင်နန်းဆောင်သို့ ခေါ်သွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ဟူအာကို ပွေ့ယူလိုက်ပြီးမှ အလေးချိန်စီးနေသော ဒီကလေးကို ပြန်ပစ်ချလိုက်ရသည်။ အမှောင်နန်းဆောင် ဆိုတာက ကောင်းကင်နန်းတော်အတွက် ကန့်သတ် နယ်မြေ တစ်ခု ဖြစ်သည့်အပြင် နတ်စွမ်းအား အသုံးပြုလို့ ရနိုင်သော်လည်း.. သာမာန်ထက် ပိုပြီး မှောင်မဲနေသော နန်းဆောင်၏ အမှောင်အား တွန်းလှန်နိုင်သူ သိပ်မရှိဟု ကြားဖူးပြီး ဖြစ်သည်။

ထို့ပြင် အမှောင်နန်းဆောင် အတွင်းသို့ ဝင်ရောက်ပါက ခုန်လွှားပြီး မဝင်စေသော ချီးရှီ နတ်မင်း၏ စည်းမျဉ်းကို သိရှိသဖြင့် လမ်းလျှောက်ဝင်ရမည် ဖြစ်သည်။ သို့သော် ဒီမေ့မျောနေသော ကောင်စုတ်လေးက လေးလိုက်တာ လွန်နေတော့.. ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြန်ပြီး အဖြေရှာရသည်။ နန်းဆောင် အတွင်းဝယ် မိန်းကလေး အစေခံငယ်လေးတွေသာ ရှိတာမို့.. သက်ပြင်းချလိုက်ပြီးမှ..

“မတတ်နိုင်ဘူး.. ရသလို ခေါ်သွားဖို့ပဲ ရှိတယ်..”

အခုချိန်မှာ ကျန်းမျိုးနွယ် နတ်တွေ အိမ်တော်တိုင်းမှာ မိန်းကလေး အစေခံသာ ထားသော အလေ့အထ သတ်မှတ်ခဲ့တာကို ဒေါသထွက်လွန်းလို့ သေမတတ် ခံစားရလေသည်။ ဟူအာကို မနိုင်တော့ အပေါ် တစ်ပိုင်းကို ကျန်းမင်ရှီက မထားကာ.. နောက်ထပ် အစေခံ မိန်းမငယ်လေးများက ခြေတစ်ချောင်းစီကို မလျက် အနေအထားဖြင့် ကုန်းကွလျက်.. အမှောင်နန်းဆောင် ရှေ့သို့ ရောက်ရှိလာသည်။

နတ်စွမ်းအား အသုံးပြုတာကို မနှစ်သက်တဲ့ နတ်မင်းတွေဟာ ရူးများနေတာလားဟု ကျန်းမင်ရှီ တွေးထင်မိသည်။ အမှောင်ထုတစ်ခု အတွင်းသို့ ရောက်ရှိ သွားတော့ လိုက်ပါလာသော နတ်အစေခံ နတ်သူငယ်လေးများ လွင့်စင် ထွက်သွားကြပြီး သူနှင့် ဟူအာသာ ကျန်နေခဲ့တာကြောင့် ကျန်းမင်ရှီ မေ့မျောနေဆဲ ဟူအာအား.. အောက်တွင် ချထားလိုက်ပြီး သူပါ ဝင်ထိုင်နေလိုက်ရသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now