Part 170

56 7 0
                                    

အခန်း-၁၇၀

ထိုအခြင်းအရာက အိမ်ရှေ့မင်းသားသည် ဟူအာကို ကူညီပေးသွားသည်ဟု ထင်မြင်နိုင်ဖွယ်ရှိသည်။ အမှန်တကယ်လည်း ကူညီပေးသွားခြင်းဖြစ်၏။ သိုသော် နောက်ဆက်တွဲ တာဝန်ယူမှုတစ်ခုကိုလည်း ပေးအပ်သွားသေး၏။

ဟူအာမှ ထိုကိစ္စအပေါ် စောင့်ကြည့်ရခြင်းဟူသည်က ပြောလျှင်လွယ်ကူ၏။ လုပ်လျှင်ခက်ခဲသော အရေးအထားမျိုး ဖြစ်ပေသည်။ အကယ်၍သာ ကောင်းကင်နန်းတော်နှင့် နတ်စစ်သူကြီးကျန်းအပါ ပိုင်ဒေသ အရေးအခင်းကိစ္စရပ်သည်က တစ်စုံတစ်ခု ချွတ်ချော် တိမ်းစောင်းခဲ့ပါက ဟူအာ၏ အရေးကိစ္စ တစ်စိတ်တစ်ပိုင်း ဖြစ်သွားချေပြီ ဖြစ်၏။

အိမ်ရှေ့မင်းသား ယနေ့တွင် ပြုလုပ်ပြသွား‌သော ကိစ္စရပ်က နှစ်ခု ရှိသည်။ တစ်ခုမှာ သူ၏ နတ်စွမ်းအားကို သိသိသာသာ အထင်အရှား ပြသသွားခြင်းဖြစ်၏။

မြေပြင်နတ်တစ်ပါး မဆိုထားနှင့် ကောင်းကင်မှ နတ်မင်းတစ်ပါးဖြစ်လျှင်ပင် အိမ်ရှေ့မင်းသားက လက်တစ်ချက် ဝေ့ယမ်းရုံမျှ မန္တန်တစ်ပုဒ်ဖြင့် ဆင့်ခေါ်နိုင်သည်။ ထိုသည်က အိမ်ရှေ့မင်းသား ပြသလိုသောအရာ ဖြစ်သည်။

နတ်အများကလည်း ထိုအရာကို မြင်သည်နှင့် အိမ်ရှေ့မင်းသား၏ နတ်စွမ်းအား တိုးတက်လာမှ တန်ခိုးပြယုဂ် ကြီးမားမှုကို တွေ့မြင်ပြီး ကောင်းကင်နန်းတော်ကို ထိပါးရန် အတွေးရှိလျှင်တောင် အကြိမ်ကြိမ် ပြန်ဆန်းစစ်ကြပေမည်။ ကောင်းကင်နန်းတော်သည် မည်သည့်အခါကမျှ အင်အားနည်းပါးမသွားဟု သုံးလောကမှ ဘုံဌာနတိုင်းကို ကြေညာလိုက်ခြင်း ဖြစ်သည်။

သိုသော် ထိုအရာတိုင်းက ဟူအာ သိနားလည်ထားသည်နှင့် ကွာဟချက် ရှိနေ၏။ ကောင်းကင်အကာအကွယ် နန်းဆောင်အတွင်း အိမ်ရှေ့မင်းသား၏ ကြင်ရာတော် နန်းဆောင်အရှင်မက အားနည်းနေ၏။ ထိုအရာကို ကောင်းကင်နန်းတော်မှ ဖုံးကွယ်လိုသည်။ ထိုကြောင့် အိမ်ရှေ့မင်းသားက သူ၏စွမ်းအားကို သူမြင်စေချင်သလောက် ထုတ်ပြခြင်း ဖြစ်လေသည်။

ဟူအာ စိတ်အထင် ဆိုရလျှင် မယ်တော်၏ဝမ်းအတွင်းမှ နတ်သန္ဓေသားငယ်က စုပ်ယူခြင်း နတ်စွမ်းအားပိုင်ရှင် ဖြစ်သည်။ အကယ်၍ မယ်တော့်ထံမှ မစုပ်ယူရပါက ထိုကလေးငယ်က ခမည်းတော်ထံမှ စုပ်ယူပေမည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now