part 125

201 20 1
                                    

unicode
အခန်း-၁၂၅

“ကောင်းပြီ ကျွင်းကျီကို ဒီကို လာဖို့ ပြောလိုက်ပါ”

ဟူအာ ပြောလိုက်သည်နှင့် လုံဆစ်က ထိုနေရာမှ ပျောက်ကွယ်သွား၏။ စားပွဲပေါ်တွင် ရှိနေသော ကျောက်တုံးငယ်များကို သိမ်းလိုက်ပြီးနောက် ဟူအာတွင် လုပ်စရာ မရှိတော့ပေ။ ရင်ဘတ်အတွင်းမှ သွေးပုလင်းငယ်ကို ထုတ်ယူလိုက်ပြီးနောက် သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

သူမက ဘယ်ဆီဘယ်ဝယ် နေမှန်း သူ မသိတော့ပေ။ ထိုကိစ္စကို စုံစမ်းရန် အနောက်ပင်လယ်သို့ သွားလိုသော်လည်း သူ့ခမည်းတော်က သူ့ကို ထိုသို့ မလုပ်စေချင်ပေ။ ထို့ကြောင့် ဟူအာ တတ်နိုင်သည်က အချိန်တစ်ခုကို စောင့်ဆိုင်းရန် ဖြစ်သည်။

“ညောင်အာ.. မင်း ဘယ်နားမှာ နေနေတာလဲ”

ဟူအာ၏ တီးတိုးရေရွတ်သံလေးက ရှောင်ဇီအာကို စိတ်ဝင်စားသွားစေသည်။ သူမက ချက်ချင်းပင် စာရေးစားပွဲအရှေ့တွင် ဝင်ထိုင်လိုက်ပြီးနောက် ဟူအာလက်ထဲမှ သွေးပုလင်းငယ်ကို စိုက်ကြည့်ပြီး ပြောလာသည်။

“အဲဒါ ဘယ်သူ့သွေးလဲ။ မင်း သိမ်းထားတာ ဘာလို့လဲ”

သူမက အားရဝမ်းသာ စပ်စုနေသည်။ ဟူအာက သူမကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ပြီးနောက် အသံတိုးတိုးဖြင့် ဖြေကြားလိုက်၏။

“ငါ သေဘာက်တဲ့သူ”

“မင်းမှာ သဘောကျတဲ့သူ ရှိတယ်ပေါ့။ မဟုတ်လား။ စွမ်းလှချည်လား။ ဘယ်သူလဲ။ ဘယ်ဒေသက နတ်သမီးလဲ”

“သူက ဘာလဲ ဆိုတာတောင် ငါ မသိသေးဘူး။ နတ်လား။ မိစ္ဆာလား ဆိုတာ ငါလည်း မသဲကွဲဘူး”

“ကောင်းကင်နတ်က မိစ္ဆာနဲ့ လက်မထပ်ရဘူးဆိုတဲ့ စည်းမျဉ်း မရှိပေမဲ့ မင်းကတော့ မတူဘူး။ နတ်မင်းသားတစ်ပါးက ဘယ်လိုလုပ် မိစ္ဆာနဲ့ လက်ထပ်နိုင်မှာလဲ။ ဒါက ကောင်းကင်မင်းကြီးကို မျက်နှာပျက်စေလိမ့်မယ်။ ကောင်းကင်က အပြစ်မပေးရင်တောင် ဒါကို ကောင်းကင်မင်းကြီးက ခွင့်ပြုမှာ မဟုတ်ဘူး”

ဟူအာက သူမ၏ အတွေးအလျင်အား လုံးဝကို လိုက်မမီနိုင်သည်မှာ သေချာနေပေသည်။ ဟူအာက ရှောင်ညောင်က မည်သည့်မျိုးနွယ်မှန်း ဘယ်နေရာမှာ ရှိမှန်း မသိသေးခင်မှာပင် ရှောင်ဇီအာဆိုသည့် သူမက လက်ထပ်ဖို့အထိ ခုန်ပျံကျော်လွှားကာ တွေးလိုက်မိနှင့်ပြီး ဖြစ်သည်။ ဆန်းကျယ်လေစွ။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now