အခန်း ၄

663 72 0
                                    

Zawgyi
အခန်း ၎

ထိုနတ်သူငယ်မလေးက ရင်းအာ အနားသို့ ရောက်သွားတော့ နှုတ်ခမ်းလေးတွေ ကွေးညွှတ်လျက် ပြုံးလိုက်ပြီးမှ

“ဒီအနံ့က နယ်ပယ် တစ်ဆယ့်ခြောက်ခုလုံးမှာ စိုက်ပျိုးလို့ မရနိုင်တဲ့ ဇောက်ထိုးပန်းပင်ရဲ့အနံ့ပဲ မွေးတယ် ဒါပေမယ့် မြေနံ့နဲ့ ရေနံ့ပါ ပါတယ် ရှင်းရောင်း အရှေ့နားမှာ ရှိနေတာ စိမ့်စမ်းပြာရေအိုင်ပိုင်ရှင် ကျိုးရင်း နတ်ဘုရားမ ထင်တယ် ရှင်းရောင်း အရိုအသေ မပေးမိတာ တောင်းပန်ပါတယ်”

ထိုနတ်သူငယ်လေးက အရိုအသေပေးတော့ ကျိုးရင်း ဘာမှ မပြောမိပဲ ဆရာ၏ နန်းဆောင် အတွင်းသို့သာ လှမ်းဝင်လိုက်သည်။ ဆရာ၏ နန်းဆောင်က အခါတိုင်းနှင့် မတူပဲ စာဖတ်စားပွဲက နေသာသော ဖက်သို့ လှည့်လျက် အဝတ်လဲသော နေရာကလည်း အနောက်ဘက်သို့ ပို့ထားပြီး အလယ်တွင် ကြာပန်းနီ ကန်တစ်ကန်ကို ချထားပြီး ငါးများကို မွေးထားသည်။

“ဆရာ နန်းဆောင်က မိန်းကလေးတစ်ဦး ရှိနေတာနဲ့ မရှိတာနဲ့ အရမ်းကို ကွာခြားတယ်နော်”

ဆရာက ရင်းအာ ပြောလိုက်တာကို မသိသလိုဖြင့်

“မင်းပြောတာကို ငါ ဘာလို့ သေချာမရှင်းလင်းပါလိမ့် ထားလိုက်ပါတော့ ရင်းအာ မင်းရဲ့နက္ခက သိပ်ပြီး မကောင်းဘူးလို့ ပြသနေတယ် မင်းကို ကြိုတင်ပြီး သတိထားစေချင်လို့ ခေါ်လိုက်တာ”

“ကောင်းပါပြီ ဆရာ ဒါပေမယ့် ဆရာနဲ့ ယီမင်က စိုးရိမ်တာ အရမ်းပိုလွန်းတယ်လို့ ရင်းအာ ခံစားမိနေတယ်”

“ကောင်းပြီ ငါ့နန်းဆောင်ရဲ့ ပြောင်းလဲမှုတွေကို မင်း သွားမကြည့်ချင်ဘူးလာ တလင်းဂူထဲမှာကော သွားကြည့်ပါအုံး”

“ကောင်းပြီ ယီမင် ငါ ခဏသွားလိုက်မယ်”

“ကောင်းပြီ ငါမင်းကို ဆရာတူ အစ်ကိုနဲ့ စကားပြောရင်း စောင့်နေမယ်”

“ရှင်းရောင်း သူ့ကို လိုက်ပြပေးလိုက်”

ဆစ်ကျီ နတ်မင်းက ထိုနတ်သူငယ်လေးကို ပြောသော်လည်း ကျိုးယွီက အနားသို့ ရောက်လာပြီးမှ

“ဒေါ်လေး မလာတာတောင် ကြာလှပြီ ဆရာ့ရဲ့ နန်းဆောင်က ညီမလေးရှင်းရောင်းရဲ့ လက်ရာအတိုင်း အများကြီး ပြောင်းလဲ သွားပြီ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now