part128

169 18 0
                                    

unicode

အခန်း-၁၂၈

ထုံလုတောင်တန်းက ဒေသများစွာကို ဆက်စပ်ထားသော နေရာတစ်ခုဟု ဆိုနိုင်သည်။ ထိုတောင်တန်းက အမတဘုံကို ဆက်စပ်ထားသလို သေမျိုးဒေသ၊ ရေနေတန်ခိုးရှင်များ ရှိသည့် အရပ်ဒေသကိုလည်း ဆက်စပ်ထားသေးသည်။

သေမျိုးဒေသမှ ထုံလုတောင်တန်းအား သာမန်ကာလျှံကာဖြင့် မြင်တွေ့နိုင်မည် မဟုတ်သလို အမဘုံမှ တန်ခိုးရှင်များကလည်း ထုံလုတောင်တန်းကို မြင်တွေ့နိုင်သည်မျိုးတော့ မဟုတ်ပေ။ ထုံလုတောင်တန်း၏ အရှင်သခင်မှ ဆင့်ခေါ်ခြင်း မရှိသည့် သို့မဟုတ် ခွင့်ပြုခြင်းမရှိသည့် သေမျိုးများက ထုံလုတောင်တန်းကို မြင်တွေ့ခွင့် မရှိသလို တောင်တန်း၏ စည်းဝိုင်းအတွင်းသို့ပင် ရောက်ရှိနိုင်မည် မဟုတ်ပေ။

သို့သော် ထိုအချင်းအရာက သေမျိုးများသာ ဖြစ်သည်။ မသေမျိုးများဖြစ်သော ကောင်းကင်နတ်များ၊ ရေနေတန်ခိုးရှင်နှင့် မြေပြင်နတ်များကမူ ထုံလုတောင်ဂိတ်တံခါးသို့ တောင်အရှင်၏ ခွင့်ပြုချက်ပင် မလိုဘဲ ဖြတ်သန်းသွားလာနိုင်သည်။

တန်ခိုးကြီး နတ်မင်းများဆိုလျှင် နေ့စဉ်နေ့တိုင်း သေမျိုးများထံသို့ ဆင်းသက်ကာ ထမင်း၊ဟင်းများ ဝယ်လေ့ ရှိသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ကောင်းကင်နန်းတော်တွင် သေမျိုးများ၏ အစားအစာကို စားသုံးလေ့ ရှိသော အိမ်ရှေ့မင်းသားတို့ ဇနီးမောင်နှံ ဖြစ်သည်။

ထို့ကြောင့် သူမက ထုံလုတောင်တန်းကို ရောက်ဖူးသည်ဟု ဆိုခြင်းမှာ ဖြစ်နိုင်သော အရာသာ ဖြစ်သည်။ ဟူအာက ထိုသို့သော နေရာများစွာကို မရောက်ဖူးသော်လည်း သူမက အတော်လေး နှံ့စပ်သည်ဟု ဆိုနိုင်ပေသည်။

“ကျိုးဟူ.. ငါတို့ ဒီမှာ ဘယ်နှစ်ရက် နေမှာလဲ”

“တစ်ပတ်လောက်ပေါ့။ ငါ ရှာထားတဲ့ နည်းလမ်း အဆင်ပြေမလား ဆိုတာကို စမ်းသပ်ပြီးရင် ပြန်မယ်”

“ဝေ့.. ငါတို့ အိမ်ပြန်ရတော့မယ်”

ကောင်းကင်နန်းတော်သို့ ပြန်ရမည်ကို သူမက ဟူအာထက်ပင် ပို၍ လိုလားနေဟန် ရှိသည်။ သူမ ပြောလိုက်သော စကား၌ အိမ်ဟူသော စကားကို ဟူအာ အတွေးများသွားရသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီOù les histoires vivent. Découvrez maintenant