Part 33

241 44 1
                                    

အခန်း (၃၃)

ယီမင်က အနည်းငယ် စိတ်လှုပ်ရှားသော လေသံဖြင့်.. လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးမှ..

“ယီမင် ဘဝကူးမှတ်ဉာဏ်ထည့်ပေးလိုက်တာ.. အရင် ရက်တွေတုန်းက ကျိုးဟူ အချက်ပြတာကို ရတယ်..”

“သူ မင်းအသံကို ကြားပြီပေါ့..”

“ဟုတ်တယ်..”

ယီမင်အား ကြည့်နေရင်းမှ ဆစ်ကျီ ပိုပြီး ရှုပ်ထွေး သွားသလိုပင် ခံစားရလာသည်။ သို့သော်.. ပြောပြသင့်သည်ဟု သတ်မှတ်လိုက်ပြီးမှ..

“ယီမင်.. အဲ့အနီရောင် မိုးကြိုး နန်းဆောင်ပိုင်ရှင်က ဘယ်သူလဲ..”

ထိုမေးခွန်းတွင် ယီမင်က မျက်နှာ တစ်ချက်မျှ ပျက်သွားသေးလျက်..

“အဲ့ဒီ မြေခွေးနီလေး.. သူက မြေနတ်ကနေ ကောင်းကင်နတ် ဖြစ်ပြီ..”

“ဘာ.. ထူးဆန်းတယ်..”

“ဟုတ်တယ်.. ကျွန်တော်လည်း ထူးဆန်းတယ်လို့ ထင်မိတာ ဒါပေမယ့် ဒါက ဖြစ်နေတာ အမှန်ပဲလေ..”

“အဲ့လိုလား.. ငါမင်းကို မေးစရာ တချို့ ရှိတာ..”

ယီမင်က တိတ်ဆိတ်စွာဖြင့် ဆစ်ကျီ နတ်မင်း မေးလာမည့် မေးခွန်းကို စောင့်ဆိုင်းနေသည်။

“မြေပြင်နတ်တစ်ပါးမှာ ကောင်းကင် အရှိန်အဝါကို နှစ်တစ်ထောင်ကြာလာတာနဲ့ မပျောက်ပျက်ပဲ.. ပိုပြီး တိုးလာရတဲ့ အကြောင်းအရင်း မင်းကြားဖူးလား..”

“မကြားဖူးဘူး.. သူက ကောင်းကင်နတ် ဆိုရင်တော့ နှစ်တစ်ထောင် ဆိုရင် အရွယ်ရောက်တော့မှာ ဆိုတော့ ပိုပြီး တိုးလာမှာပဲ..”

ယီမင်၏ တွေးဆချက်တွင် ဆစ်ကျီ တိတ်ဆိတ်သွားမိ၏။ သူက မြေပြင်နတ် မဟုတ်ပဲ ကောင်းကင်နတ် ဆိုရင်.. ဟုတ်သားပဲ သူက ကောင်းကင်နတ် ဆိုရင် သူ့အရှိန်အဝါဟာ ပိုပြီး တိုးလာမှာပဲ..၊

တကယ်တမ်း ဆစ်ကျီက အသက်အားဖြင့် ပိုပြီး ကြီးသည်မှာ မှန်သော်လည်း ယီမင်၏ မှတ်ဉာဏ်က သူမတူသော မှတ်ဉာဏ်မျိုးမို့ ကိစ္စတိုင်းအား ပြတ်ပြတ်သားသား မှတ်သားထားနိုင်သဖြင့် မေးမြန်းခြင်း ဖြစ်သည်။ ထို့အတူ ယီမင်ကလည်း ဆစ်ကျီ နတ်မင်း၏ ကြုံတွေ့မှုမှ ပေါ်ထွက်လာမည့် ခန့်မှန်းချက်ကို ကြားသိလိုက်၍ မေးမြန်းခြင်း ဖြစ်လေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now