အခန်း ၅

664 58 0
                                    

Zawgyi
အခန်း (၅)

“လုချီ မင်း အထင်မလွဲနဲ့ မင်းရဲ့ကလေးကို ငါက စောမွေးစေတာ မဟုတ်ဘူး.. သူက ထူးထူးဆန်းဆန်းပဲ ခုန်ပျံသွားပြီး ထွက်လာတာ..”

“ဟုတ်လား..”

လုချီက တွေတွေ ဝေဝေ ဖြစ်သွားတာကို ယီမင်က ကြားမှ ဝင်လျက်..

“ရှောင်ဇီအာ ဆိုတဲ့ နာမည်က ရေမင်းသား လုချီက ပေးထားတာ ထင်ပါတယ်.. ငါတို့လည်း ငါတို့ ကလေးကို နာမည်ပေးရင် ကောင်းမယ်.. ရင်းအာ..”

ယီမင်က စကားလမ်းကြောင်း လွဲလိုက်တာကြောင့်.. လုချီကော ရင်းအာပါ ကောင်းကင်သန္ဓေသားဆီသို့ အကြည့်က ရောက်သွားသည်။ ယီမင်က ရင်းအာ၏ ပုခုံးလေးအား ဆုပ်ကိုင်လိုက်ကာ..

“ငါတို့ ကလေးက.. မိန်းကလေးလား ယောက်ျားလေးလား..”

ရင်းအာက ယီမင်ကို မော့ကြည့်လိုက်ပြီးမှ..

“ငါ သူ့ကို အဲဒါ ရွေးချယ်ခွင့်ပြုထားတယ်.. သူက သမီးလား သားလား ဆိုတာကို ငါတို့ မသိရဘူး..”

တကယ်တမ်း ယီမင်က ရင်းအာ ဆုံးရှုံးရမယ် ဆိုရင်တောင်မှ ရင်းအာအတွက် တမ်းတဖို့ နာမည်လေး.. တစ်ခုတော့ ကျန်ခိုင်းစေချင်သည်။ ထို့အတွက် နာမည်ပေးခိုင်းဖို့ အကြံပြုလိုက်ခြင်း ဖြစ်၏။ ရင်းအာက သူ့အကြံအစည်တွေကို မသိပဲ မေးစေ့လေးကို ကိုင်လျက် ကြည်သာစွာ ပြုံးရင်း နာမည်ပေးရန် စဉ်းစားနေသေး၏။ သူ့ဘက်သို့ လှည့်လာတော့ သူ့ထံက တိတ်ဆိတ်နေမှုကို သူမ ခံစားမိသွားမည် စိုးကာ..

“ငါ့ရဲ့ မျိုးရိုးနာမည်ကိုတော့ မင်း အလေးပေးမယ် မဟုတ်လား.. ရင်းအာ..”

အပြုံးတို့နှင့် ပြောလိုက်၏။ တကယ်တမ်း ထိုမေးခွန်းက တခြားသော နတ်မင်းတွေ ဆိုလျှင် မေးရန် မလိုပေ။ သို့သော်.. ကျိုးရင်း ဆိုတာက စည်းကမ်းစည်းမျဉ်းတွေ မလိုသော နတ်ဘုရားမမို့ မေးလိုက်ခြင်း ဖြစ်သော်လည်း.. ယီမင်အတွက်က သူမစိတ်ချမ်းသာခြင်းက ကလေး၏နာမည်တွင် သူတို့ မျိုးရိုးပါခြင်း မပါခြင်းထက် ပိုပြီး အကျိုးရှိလေသည်။

“သေချာပေါက် ငါသူ့ကို တလီ မျိုးနွယ်ဝင် ဖြစ်စေမှာပါ.. သူ့နာမည်က တလီကျိုးဟူ..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now