part134

194 18 0
                                    

unicode
အခန်း-၁၃၄

ပွဲတော်က စည်ကားလှသည်ဟု ဆိုနိုင်သည်။ အရှေ့ပင်လယ်မှ ရေမင်းသား နှစ်ပါးလုံး တက်ရောက်သည်။ ကောင်းကင်နန်းတော်မှ နတ်မင်းသားများလည်း လာရောက်သည်။ တောင်ပင်လယ်မှ ရေမင်းကြီးအပါ အားလုံးသော ရေနေတန်ခိုးရှင်များက စုံလင်လှ၏။

ဟူအာ၏ အနားတွင် တောင်ပင်လယ်ရေဘုရင်က ရှိနေသေးသည်။ နန်းတက်ပွဲ၏ ထုံးတမ်းစဉ်လာက ရှင်းလင်းလွန်းကာ ရေနှင်တံကို လွဲပြောင်းယူခြင်းသာ ဖြစ်သည်။

ဧည့်ပရိတ်သတ်များအလယ်တွင် မြောက်ပိုင်းရေဘုရင် အဟောင်းက မြောက်ပိုင်းရေဘုရင်အဖြစ် နန်းတက်မည့် သမီးဖြစ်သူကို ရေနှင်တံ လွဲအပ်ပေးသည်။ လူအများက ကောင်းချီးစကားများ ပြောကြားကြကာ နန်းတက်ပွဲက စည်ကားသည်ဟု ဆိုနိုင်သည်။

ရေနေတန်ခိုးရှင်များက မြောက်ပိုင်းရေဘုရင်မကို လိုလိုလားလား လက်ခံကြသည်။

“အနောက်ပင်လယ် ရေနန်းတော်က မြောက်ပိုင်းရေဘုရင်မကို ကောင်းချီးစကား ချီးမြှင့်ပါတယ်”

“မြောက်ပိုင်းရေဘုရင်မ မြောက်ပိုင်းရေနန်းတော်ကို ဆက်ခံ ရရှိတာကို အနောက်ပင်လယ် နန်းတော်က ကြိုဆိုကြောင်းပါ။ နောင်မှာလည်း ပင်လယ်ဒေသတစ်ခုလုံးကို တိုးတက်လာစေဖို့ ဆန္ဒရှိပါတယ်။ အတူတူ လုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်”

အနောက်ပင်လယ်ရေမင်းသား နှစ်ပါးလုံးက ထိုစကားကို တင်လျှောက်သည်။

ရေမင်းသား ရန်နန်ကုန်းက တောင်ပင်လယ်ရေဘုရင်ထံသို့ လှည့်လိုက်ပြီးနောက် ရင်းနှီးစွာ နှုတ်ဆက်စကား ပြောသည်။

“ဒေါ်လေးနဲ့ ညီမလေးဇီအာရော ကျန်းမာပါရဲ့လား၊ ဟိုတစ်လောက ညီမလေးဇီအာ ကောင်းကင်နန်းတော်ကို အလယ်သွားတယ်လို့ သိထားပါတယ်။ အခုရော တောင်ပင်လယ်ကို ပြန်ရောက်ပါရဲ့လား”

တောင်ပင်လယ် ရေဘုရင် ရှောင်လုချီက ရန်နန်ကုန်းကို ပြုံးလျက် ကြည့်နေပြီးမှ ပြန်ပြောသည်။

“သူတို့ သားအမိက မြောက်ပင်လယ်ကို လာဖို့ ရှိပါတယ်။ ရောက်သင့်တဲ့ အချိန်တော့ ရောက်နေပြီ။ သူတို့ တစ်နေရာမှာ ရှိလိမ့်မယ်နဲ့ တူတယ်။ မင်းညီမလေးနဲ့ တွေ့ပြီးမှ ပြန်လည်း မနောက်ကျဘူး မဟုတ်လား”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now