Part 173

65 8 0
                                    

အခန်း-၁၇၃

ဟူအာက ချီးရှီနတ်မင်း၏ စကားကို သံယောင်လိုက် ရေရွတ်လိုက်မိသည်။

"ကံတရား.. ကံတရားဆိုတာကို ကောင်းကင်က ချမှတ်ပေးထားတာ မဟုတ်ဘူးလား"

ချီးရှီနတ်မင်းက သေရည်အိုးကို မော့သောက်နေရာ ဟူအာ၏ စကားကို ပြန်မဖြေတော့ပေ။ သေရည်ကို အကုန်လုံး မော့သောက်ပြီးနောက် ချီးရှီနတ်မင်းက ဆိုလိုက်သည်။

"ကံတရားဆိုတာက ကံတရားပဲ.. ကောင်းကင်မန္တန်တွေနဲ့ ဘာမှမသက်ဆိုင်ဘူး.. တကယ်တမ်းကျတော့ ကောင်းကင်မန္တန်တွေနဲ့ သတ်မှတ်ထားတဲ့ ကောင်းကင်စည်းမျဉ်း ဆိုတာက သတ်မှတ်ချက်သက်သက် ဖြစ်ပြီးတော့ မင်းမှာသာ ကောင်းကင်မန္တန်တွေထက် သာလွန်တဲ့ စွမ်းအားမျိုး ရှိလာတဲ့နေ့မှာ အဲဒီကောင်းကင်စည်းမျဉ်းဆိုတာက ဘာမှမဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်.. ကံတရားကတော့ မင်းမှာ မိုးလောက်ကြီးတဲ့ စွမ်းအားတွေ ရှိနေပါစေ မင်းထက်ပိုပြီးတော့ ဘယ်သူကမှ စွမ်းဆောင်နိုင်တာမျိုး မရှိတော့ဘူး ဖြစ်နေပါစေ ကံတရားကိုတော့ မင်းက လွန်ဆန်လို့ မရနိုင်ဘူး အဲဒါကမှ ကံတရားလို့ ခေါ်တယ်.. ဖြစ်စဉ်အတိုင်း သွေဖယ်နိုင်ခြင်း မရှိဘဲ လိုက်လုပ်မိခြင်းလို့ ပြောရမယ် ထင်တယ်"

ပြောပြီးသည်နှင့် ချီးရှီနတ်မင်းက ဟူအာကို တစ်ချက်လှည့်ကြည့်လိုက်ပြီး လက်ထဲက သေရည်အိုးကို ခွမ်းခနဲ ပစ်ခွဲလိုက်၏။

"မင်းက ဒီလောက်ငယ်သေးနေသေးတာကို ဒီလို ကိစ္စတွေ သိချင်ပြီးတော့ ဘာလုပ်မှာလဲ။ ငါလို နတ်အိုကြီးတောင်မှ ကံတရားဆိုတာကို နားလည်နိုင်ဖို့က ခက်ခဲတယ်။ မင်းသိပြီးတော့ ဘာလုပ်နိုင်မှာလဲ"

"ဒါဆို နတ်တစ်ပါးတိုင်းစီမှာ မသေဖယ်နိုင်တဲ့ ကံတရားတစ်ခုစီတော့ ရှိတယ်လို့ ဆိုလိုတာပဲ မဟုတ်လား.."

"ငါ ပင်ပန်းနေပြီ ငါ အနားယူတော့မယ်"

ချီးရှီနတ်မင်းက အမှောင်နန်းဆောင်အတွင်းရှိ ကျောက်ကမ်းပါးပေါ်မှ ရုတ်ခြည်း ပျောက်ကွယ်သွားလေတော့သည်။

ဟူအာ ကျန်းမင်ရှီနတ်မင်းကို စကားစပြောလိုက်သည်။

"ဆရာ.. ကျွန်တော် ပိုင်ဒေသကို သွားရအုံးမယ်။ အဲဒီက ကိစ္စရပ်တွေက ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now